Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 21:4

Judson Bible

ထောင်​လွှား​သော​မျက်​နှာ၊ မာ​န​ကြီး​သော​နှ​လုံး၊ မ​တ​ရား​သော​သူ​တို့၏ အ​လင်း​သော်​လည်း အ​ပြစ်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​စင်​စစ် ဆိုး​သော​သူ၏​အ​လင်း​သည် ကွယ်​လိမ့်​မည်။ သူ၏​မီး​လျှံ မ​တောက်​ရ။

သူ၏​နေ​ရာ​အ​လင်း​လည်း မှောင်​မိုက်​ဖြစ်​လိမ့်​မည်။ သူ၏​ဆီ​မီး​လည်း သေ​လိမ့်​မည်။

မ​တ​ရား​သော​သူ​သည် မာ​န​ထောင်​လွှား​သော​ကြောင့်၊ မ​စဉ်း​စား​တတ်​ပါ။ ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ် အောက်​မေ့​တတ်​ပါ၏။

မိ​မိ​အိမ်​နီး​ချင်း၏​အ​သ​ရေ​ကို တိတ်​ဆိတ်​စွာ​ဖျက်​သော​သူ​ကို ငါ​ပယ်​ဖြတ်​မည်။ မျက်​နှာ​ထောင်​လွှား၍ စိတ်​မြင့်​သော​သူ​ကို သည်း​မ​ခံ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စိတ်​မ​မြင့်​ပါ။ မျက်​နှာ​လည်း​မ​မော်​ပါ။ ကိုယ်​နှင့်​မ​တန်၊ ကြီး​မြင့်​သော​အ​မှု​တို့၌ မ​ကျင်​လည်​ပါ။

မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

မ​တ​ရား​သော​သူ​ပူ​ဇော်​သော​ယဇ်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။ ထို​မျှ​မ​က၊ မ​တ​ရား​သော​စိတ်​နှင့် ပူ​ဇော်​လျှင် သာ၍​ဖြစ်၏။

အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ အ​ဓ​မ္မ​လူ၏​မီး​ခွက်​သည် သေ​လိမ့်​မည်။

အ​လွန်​စိတ်​မြင့်၍ မော်​ကြည့်​တတ်​သော လူ​တစ်​မျိုး၊

ထာ​ဝ​ရ​ဘု​ရား​မုန်း​တော်​မူ​သော​အ​ရာ ခြောက်​ပါး​မ​က၊ စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သော​အ​ရာ ခု​နစ်​ပါး​ဟူ​မူ​ကား၊

ထောင်​လွှား​သော မျက်​နှာ​တစ်​ပါး၊ မု​သား၌ ကျင်​လည်​သော​လျှာ​တစ်​ပါး၊ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို​သတ်​သော လက်​တစ်​ပါး၊

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကား၊ ဒု​စ​ရိုက်​ကို မုန်း​သော​သ​ဘော​တည်း။ မာ​န​ထောင်​လွှား​ခြင်း၊ စော်​ကား​ခြင်း၊ မ​ကောင်း​သော​လမ်း​သို့​လိုက်​ခြင်း၊ ကောက်​သော​စ​ကား​ဖြင့် ပြော​ဆို​ခြင်း​တို့​ကို ငါ​မုန်း၏။

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​နှင့် ယေ​ရု​ရှ​လင်​မြို့၌ အ​မှု​တော်​ကို​လက်​စ​သတ်​တော်​မူ​ပြီး​မှ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ မာ​န​ထောင်​လွှား​ခြင်း၊ မော်​သော​မျက်​နှာ​နှင့် စော်​ကား​ခြင်း​ကို ငါ​ကြည့်​ရှု၍​စီ​ရင်​မည်။

ထို​ကာ​လ၌ လူ​တို့၏​မော်​သော​မျက်​နှာ​ကို နှိမ့်​ရ​မည်။ လူ​တို့၏​မာ​န​ကို​လည်း ရှုတ်​ချ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။

ထို​ကာ​လ၌ လူ​တို့၏​မာ​န​ကို​ရှုတ်​ချ၍၊ လူ​တို့၏​စိတ်​မြင့်​သော​သ​ဘော​ကို နှိမ့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​တို့​သည် စိတ်​မြင့်၍၊ မိ​မိ​လည်​ပင်း​ကို ပြ​လျက်၊ မျက်​စိ​လော်​လည်​လျက်၊ ခြေ​ချင်း​တန်​ဆာ​မြည်​လျက်၊ စိပ်​စိပ်​လှမ်း​သွား​တတ်​သော​ကြောင့်၊

ကိုယ်၏​ဆီ​မီး​ကား၊ မျက်​စိ​တည်း။ ထို​ကြောင့် မျက်​စိ​ကြည်​လင်​သော​အ​ခါ တစ်​ကိုယ်​လုံး​လင်း​လိမ့်​မည်။ မျက်​စိ​မြှေး​ယှက်​သော​အ​ခါ တစ်​ကိုယ်​လုံး​မိုက်​လိမ့်​မည်။-

ငါ​ဆို​သည်​ကား၊ ထို​သူ​သည် အ​ပြစ်​ပြေ​လျက် မိ​မိ​အိမ်​သို့ ပြန်​သွား၏။ ဖာ​ရိ​ရှဲ​မူ​ကား အ​ပြစ်​မ​ပြေ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား၊ နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​သော​သူ​မည်​သည်​ကား၊ ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-

ယုံ​မှား​သော​သူ​သည် စား​လျှင်၊ ယုံ​သော​စိတ်​မ​ရှိ​ဘဲ စား​သော​ကြောင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။ ယုံ​သော​စိတ်​မ​ရှိ​ဘဲ ကျင့်​သ​မျှ​သော အ​ကျင့်​တို့​သည် အ​ပြစ်​ရှိ​ကြ၏။

ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ