Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 21:31

Judson Bible

စစ်​တိုက်​ရာ​ကာ​လ​အ​ဖို့ မြင်း​များ​ကို​ပြင်​ဆင်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​သည် လယ်​ကွက်​အ​လယ်၌​ရပ်၍ စောင့်​မ​လျက် ဖိ​လိ​တ္တိ​လူ​တို့​ကို​လုပ်​ကြံ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော​အောင်​ခြင်း​ကို ပြု​တော်​မူ၏။

အောင်​မြင်​ရ​သော​အ​ခွင့်​ကို ရှင်​ဘု​ရင်​တို့​အား​ပေး​တော်​မူ၏။ ကိုယ်​တော်၏​ကျွန်​ဒါ​ဝိဒ်​ကို ဆိုး​သော​ဓား​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။

မြင်း၏​ခွန်​အား​နှင့် လူ၏​လျင်​မြန်​ခြင်း​ကို အား​ရ​နှစ်​သက်​တော်​မူ​ခြင်း​မ​ရှိ။

အ​ချို့​သော​သူ​တို့​သည် ရ​ထား​ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည် မြင်း​ကို​လည်း​ကောင်း၊ ချီး​မွမ်း​တတ်​ကြ၏။ ငါ​တို့​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။

သူ​တို့​သည်​နှိမ့်​ချ၍ လဲ​လျက်​ရှိ​ကြ၏။ ငါ​တို့​မူ​ကား၊ ထ၍ မတ်​တတ်​နေ​ကြ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​ကို ကယ်​တင်​တော်​မူ​ပါ။

သို့​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘုန်း​လည်း ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဦး​ခေါင်း​ကို ချီ​ကြွ​သော​သူ​လည်း ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ၏။ ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ကိုယ်​တော်၏ လူ​စု​အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သော။

ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ကယ်​တင်​နိုင်​သော​ဘု​ရား​ဖြစ်​တော်​မူ၏။ ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သေ​ခြင်း​သို့ ရောက်​သော​လမ်း​ကို​လည်း အ​စိုး​ပိုင်​တော်​မူ၏။

တစ်​ဖန် နေ​အောက်​မှာ​ရှိ​သော အ​မှု​အ​ရာ​တို့​ကို ငါ​ပြန်၍​ကြည့်​ရှု​သော​အ​ခါ၊ လျင်​မြန်​သော​သူ​သည် ပြိုင်၍​ပြေး​သော်​လည်း မ​နိုင်​တတ်။ ခွန်​အား​ကြီး​သော​သူ​သည် စစ်​တိုက်၍ မ​အောင်​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် ဝ​စွာ​မ​စား​တတ်။ ဉာဏ်​ကောင်း​သော​သူ​သည် စည်း​စိမ်​ကို​မ​ရ​တတ်။ လိ​မ္မာ​သော​သူ​သည် သူ​တစ်​ပါး​ရှေ့၌ မျက်​နှာ​မ​ရ​တတ်။ ခပ်​သိမ်း​သော​သူ​တို့၌ ကာ​လ​အ​ချိန်​စေ့​ခြင်း၊ အ​ဆင်​သင့်​ခြင်း​ရှိ​သည်​အ​တိုင်း ဖြစ်​တတ်​သည်​ကို ငါ​မြင်၏။

စစ်​ကူ​တောင်း​အံ့​သော​ငှာ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍၊ မြင်း​တို့​ကို အ​မှီ​ပြု​လျက် များ​စွာ​သော ရ​ထား​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော မြင်း​စီး​သူ​ရဲ​တို့​ကို​လည်း​ကောင်း ခို​လှုံ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို မ​မျှော်​လင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​ဘဲ​နေ​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

အ​ကယ်​စင်​စစ် ကုန်း​များ​နှင့် တောင်​ရိုး​များ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​၏ ဘုရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ရာ​အ​ကြောင်း​ဖြစ်​တော်​မူ​၏။

ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား အောင်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ