Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 21:29

Judson Bible

မ​တ​ရား​သော​သူ​သည် မိ​မိ​မျက်​နှာ​ကို ခိုင်​မာ​စေ​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ မိ​မိ​သွား​ရာ​လမ်း​ကို ပြင်​ဆင်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်၏​အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် လမ်း​ဖြောင့်​ပါ​စေ​သော။

ကိုယ်​လိုက်​ရာ​လမ်း​ကို ဆင်​ခြင်​သော​အ​ခါ၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သို့ လှည့်၍​လိုက်​ပါ၏။

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် စုံ​လင်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ မိ​မိ​မ​တ​ရား​သော​အ​မှု​အား​ဖြင့် ဆုံး​ရှုံး​တတ်၏။

အ​စဉ်​မ​ပြတ်​ကြောက်​ရွံ့​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ မိ​မိ​စိတ်​နှ​လုံး​ကို ခိုင်​မာ​စေ​သော​သူ​မူ​ကား၊ ဘေး​ဥ​ပဒ်​နှင့် တွေ့​လိမ့်​မည်။

အ​ထပ်​ထပ်​ဆုံး​မ​ခြင်း​ကို​ခံ​သော်​လည်း၊ မိ​မိ​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​သူ​သည် ကိုး​ကွယ်​ရာ​မ​ရ၊ ရုတ်​တ​ရက် ပျက်​စီး​လိမ့်​မည်။

သင်၏​မျက်​စိ​သည်​ရှေ့​ရှု​ကြည့်၍၊ မျက်​ခမ်း​တို့​သည် တည့်​တည့်​အာ​ရုံ​ပြု​စေ​လော့။

သင်​သွား​ရာ​လမ်း​ကို စူး​စမ်း၍၊ သွား​လေ​ရာ​ရာ၌ တည်​ကြည်​ခြင်း​ရှိ​စေ​လော့။

ထို​လူ​ပျို​ကို တွေ့​သော​အ​ခါ၊ ရဲ​သော​မျက်​နှာ​နှင့် ဖမ်း​ဖက်​နမ်း​ရှုပ်​လျက်၊

အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သော​သူ​ကဲ့​သို့ ဖြစ်​သ​နည်း။ နက်​နဲ​သော​အ​နက်​ကို အ​ဘယ်​သူ​နား​လည်​သ​နည်း။ ပ​ညာ​သည် ပ​ညာ​ရှိ​သော​သူ၏​မျက်​နှာ​ကို ထွန်း​လင်း​စေ​တတ်၏။ ထို​သူ၏​မျက်​နှာ​သည် အ​ထူး​သ​ဖြင့် ရဲ​ရင့်​သော​အ​ဆင်း​ရှိ​တတ်၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​တ​ရား​ကို ထောက်​ရှု​တော်​မူ​သည် မ​ဟုတ်​လော။ ကိုယ်​တော်​သည် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​သည် ညှိုး​ငယ်​သော​စိတ်​မ​ရှိ​ကြ​ပါ။ ဖျက်​ဆီး​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​ကြ​ပါ​ပြီ။ မိ​မိ​တို့​မျက်​နှာ​ကို ကျောက်​ထက်​သာ၍​မာ​စေ​ကြ​ပါ​ပြီ။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ငြင်း​ဆန်​လျက် နေ​ကြ​ပါ​ပြီ။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​တတ်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ပြု​မိ​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​တို့​ကို ဆင်​ခြင်၍ ရှောင်​သော​ကြောင့်၊ သေ​ခြင်း​နှင့်​လွတ်၍ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။

ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​ကျင့်​သော အ​ကျင့်​တို့​ကို​ဆင်​ခြင်​ကြ​လော့။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​အ​ကျင့်​တို့​ကို ဆင်​ခြင်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်၌ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​ကို မ​တင်​မီ၊ ယ​ခု​နေ့​မှ​စ၍ အ​ထက်​အ​မှု​ကို ပြန်​ကြည့်​ဆင်​ခြင်​ကြ​ပါ​လော့။

သင်​တို့​ရှိ​ရာ​သို့ ငါ​တို့​သွား​ရာ​လမ်း​ကို ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ပြင်​ဆင်​တော်​မူ​ပါ​စေ​သော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ