Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 21:27

Judson Bible

မ​တ​ရား​သော​သူ​ပူ​ဇော်​သော​ယဇ်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။ ထို​မျှ​မ​က၊ မ​တ​ရား​သော​စိတ်​နှင့် ပူ​ဇော်​လျှင် သာ၍​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

တ​ရား​မ​နာ၊ လွှဲ​သွား​သော​သူ​သည် ဆု​တောင်း​သော်​လည်း၊ သူ၏​ပ​တ္ထ​နာ​စ​ကား​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။

ငါ၌ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​ရှိ၏။ ယ​နေ့ ငါ့​က​တိ​ဝတ်​ကို ငါ​ဖြေ​ပြီ။

ဘု​ရား​သ​ခင့်​အိမ်​တော်​သို့​သွား​သော​အ​ခါ၊ သင့်​ခြေ​တို့​ကို စောင့်​လော့။ လူ​မိုက်​ပြု​သော ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ထက်၊ တ​ရား​နာ​ခြင်း​အ​မှု​ကို သာ၍​ကြိုး​စား​လော့။ လူ​မိုက်​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဆင်​ခြင်​တတ်​ကြ။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။

ရှေ​ဘ​ပြည်​မှ လော​ဗန်​ကို​လည်း​ကောင်း၊ ဝေး​သော​ပြည်​မှ မွှေး​သော​ကြံ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​ဆောင်​ခဲ့​သ​နည်း။ သင်​တို့​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​အ​လို​မ​ရှိ။ ပူ​ဇော်​သော​ယဇ်​အ​မျိုး​မျိုး​ကို ငါ​မ​နှစ်​သက်။

မော​ရှေ​သည် အ​လွန်​အ​မျက်​ထွက်၍၊ ဤ​သူ​တို့​ပူ​ဇော်​သ​ကာ​ကို ပ​မာ​ဏ​ပြု​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​ဥ​စ္စာ မြည်း​တစ်​ကောင်​ကို​မျှ အ​ကျွန်ုပ်​မ​သိမ်း​ပါ။ သူ​တို့​တွင် တစ်​ယောက်​ကို​မျှ​မ​ညှဉ်း​ဆဲ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်၍၊

လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်၏ တံ​ခါး​ကို လူ​တို့​ရှေ့​မှာ​ပိတ်​ထား၍ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ