Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 21:2

Judson Bible

လူ​တို့​သည် မိ​မိ​တို့​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို နှစ်​သက်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ စိတ်​နှ​လုံး​တို့​ကို ချိန်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

မှန်​သော​ချိန်​ခွင်၌ ငါ့​ကို​ချိန်​ပါ​စေ။ ဘု​ရား​သ​ခင်​သည် ငါ​ဖြောင့်​မတ်​ခြင်း​ကို သိ​တော်​မူ​ပါ​စေ။

သူ၏​အ​ပြစ်​ကို တွေ့​တော်​မ​မူ၊ ရွံ​ရှာ​တော်​မ​မူ​ဟု ကိုယ်​မျက်​စိ​ရှေ့၌ ကိုယ်​ကောင်း​သော အ​ယောင်​ကို ဆောင်​တတ်၏။

မိုက်​သော​သူ​သည် မိ​မိ​ပြု​သော​အ​မှု​ကို မှန်​သည်​ဟု ထင်​တတ်၏။ အ​ကြံ​ပေး​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

လူ​သည် မိ​မိ​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို နှစ်​သက်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ စိတ်​သ​ဘော​တို့​ကို ချိန်​တော်​မူ၏။

လူ​ထင်​သည်​အ​တိုင်း မှန်​သော​လ​က္ခ​ဏာ​ရှိ​သော်​လည်း၊ အ​ဆုံး၌ သေ​ခြင်း​သို့​ပို့​သော​လမ်း​တစ်​မျိုး​ရှိ၏။

ငွေ​စစ်​စ​ရာ​ဖို့ မိုက်​ကို​လည်း​ကောင်း၊ ရွှေ​စစ်​စ​ရာ​ဖို့ မီး​ဖို​ကို​လည်း​ကောင်း သုံး​တတ်၏။ စိတ်​နှ​လုံး​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား စစ်​တော်​မူ၏။

လူ​များ​တို့​သည် မိ​မိ​တို့​ပြု​သော​ကျေး​ဇူး​ကို ကြား​ပြော​တတ်၏။ သ​စ္စာ​ရှိ​သော​သူ​ကို​ကား၊ အ​ဘယ်​သူ​ရှာ၍ တွေ့​နိုင်​သ​နည်း။

ငါ့​တို့​မ​သိ​ဟု​ဆို​သော်​လည်း၊ နှ​လုံး​သ​ဘော​ကို ဆင်​ခြင်​သော​သူ​သည် မ​မှတ်၊ သင်၏​စိတ်​ဝိ​ညာဉ်​ကို စောင့်​သော​သူ​သည် မ​သိ​ဘဲ၊ လူ​အ​သီး​အ​သီး​တို့​အား သူ​တို့​အ​ကျင့်​နှင့်​အ​လျောက်၊ အ​ကျိုး​အ​ပြစ်​ကို မ​ဆပ်​မ​ပေး​ဘဲ နေ​တော်​မူ​မည်​လော။

ငါ​သည် စင်​ကြယ်၏​ဟု မိ​မိ​ကိုယ်​ထင်​သော်​လည်း၊ မိ​မိ​အ​ညစ်​အ​ကြေး​မှ မ​ဆေး​ကြော​သေး​သော လူ​တစ်​မျိုး၊

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ မိ​မိ​တို့​ခံ​ထိုက်​သော အ​ကျိုး​အ​ပြစ်​ကို​ပေး​ခြင်း​ငှာ၊ နှ​လုံး​ကျောက်​ကပ်​တို့​ကို စေ့​စေ့​စစ်​ကြော​တတ်၏။

တေ​က​လ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား၊ ကိုယ်​တော်​ကို ချိန်​ခွင်​နှင့်​ချိန်၍ လျော့​ကြောင်း​ကို တွေ့​မြင်​တော်​မူ၏။

ယေ​ရှု​က​လည်း၊ သင်​တို့​သည် လူ​များ​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ဆောင်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့၏​စိတ်​နှ​လုံး​ကို သိ​မြင်​တော်​မူ၏။ လူ​သ​ဘော​အား​ဖြင့် အ​မြတ်​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင့် ရှေ့​တော်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။-

အ​ကြင်​သူ​သည် ဘာ​မျှ​မ​ဟုတ်​ဘဲ​လျက်၊ ဤ​မျှ​လောက်​ငါ​ဖြစ်​သည်​ဟု​စိတ်​ထင်​လျှင်၊ ထို​သူ​သည် ကိုယ်​ကို လှည့်​ဖြား​သော​သူ​ဖြစ်၏။-

ကိုယ်​ကို​ကိုယ်​လှည့်​ဖြား၍၊ နှုတ်​က​ပတ်​တ​ရား​ကို နာ​ရုံ​မျှ​သာ​ပြု​သော​သူ မ​ဟုတ်၊ တ​ရား​ကို​ကျင့်​သော​သူ ဖြစ်​ကြ​လော့။-

သူ၏​သား​သ​မီး​တို့​ကို​လည်း အ​သေ​သတ်​မည်။ ငါ​သည် နှ​လုံး​ကျောက်​ကပ်​ကို စစ်​ဆေး​တော်​မူ​သော သူ​ဖြစ်​ကြောင်း​ကို ထို​သို့​သော​အား​ဖြင့် ခပ်​သိမ်း​သော အ​သင်း​တော်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​သီး​အ​သီး​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ပေး​မည်။-

ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ