Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 21:16

Judson Bible

ဉာဏ်​ပ​ညာ​လမ်း​မှ လွှဲ​သွား​သော​သူ​သည် သင်္ချိုင်း​သား​အ​စု​အ​ဝေး၌ နေ​ရာ​ကျ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ကောက်​သော​လမ်း​များ​သို့ လွှဲ​သွား​သော​သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​နှင့်​အ​တူ ထုတ်​သွား​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ​စေ​သော။

ထို​သူ​တို့​ကို သိုး​များ​ကဲ့​သို့ မ​ရ​ဏ​နိုင်​ငံ၌​ချ​ထား၍ သေ​မင်း​စား​လိမ့်​မည်။ ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြောင့်​မတ်​သော​သူ​တို့​သည် အုပ်​စိုး​ရ​ကြ​လိမ့်​မည်။ သူ​တို့၏​ကိုယ်​ခ​န္ဓာ​သည် ဖောက်​ပြန်​ဖို့​ရာ​ဖြစ်၏။ မ​ရ​ဏနိုင်​ငံ​သည် သူ​တို့၏​နေ​ရာ​ဖြစ်၏။

ဖြောင့်​မတ်​ခြင်း​တ​ရား​သည် အ​သက်​ရှင်​ခြင်း​နှင့် ဆိုင်​သ​ကဲ့​သို့၊ ဒု​စ​ရိုက်​ကို လိုက်​ရှာ​သော​သူ​သည်​လည်း၊ မိ​မိ​သေ​ခြင်း​တိုင်​အောင် လိုက်​ရှာ​တတ်၏။

ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​သော​သူ​သည် ပ​ညာ​ရှိ​တတ်၏။ လူ​မိုက်​တို့​နှင့် ပေါင်း​ဖော်​သော​သူ​မူ​ကား၊ ပျက်​စီး​တတ်၏။

ပ​ညတ်​တ​ရား​ကို စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​ရာ​ရောက်၏။ မိ​မိ​သွား​ရာ​လမ်း​တို့​ကို မ​ထီ​လေး​စား ပြု​သော​သူ​မူ​ကား၊ အ​သေ​ခံ​ရ၏။

ဖြောင့်​မတ်​သော​လမ်း​ကို​စွန့်၍၊ မိုက်​မဲ​သော​လမ်း​သို့ လိုက်​သော​သူ၊

သူ​သည် အ​လွန်​မိုက်​သော​ကြောင့် မှား​ယွင်း၍၊ သွန်​သင်​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​သွား​ရ​လိမ့်​မည်။

ထို​အ​ရပ်၌ သင်္ချိုင်း​သား​ရှိ​ကြောင်း၊ ထို​မိန်း​မ၏​ဧည့်​သည်​တို့​သည် မ​ရ​ဏ​နိုင်​ငံ​အ​နက်​ဆုံး၌​နေ​ကြောင်း​ကို ထို​ယောက်ျား​သည် မ​သိ​မ​မှတ်။

သို့​ရာ​တွင် တ​ရား​သော​သူ​သည် ဖောက်​ပြန်၍၊ အ​ဓ​မ္မ​အ​မှု​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို​လည်း​ကောင်း​ပြု​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​ရင်​ပြု​သ​မျှ​သော ဖြောင့်​မတ်​ခြင်း​အ​မှု​တို့​ကို မ​မှတ်၊ သူ​သည် လွန်​ကျူး​သော​အ​မှု၊ ပြစ်​မှား​သော​အ​ပြစ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏ နောက်​တော်​သို့​မ​လိုက်၊ ဆုတ်​သွား​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​ဖွေ၊ မ​မေး​မြန်း​သော သူ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှင်း​မည်။

သင်​တို့​သည် အ​ထက်​က လော​ကီ​တ​ရား​သို့​လိုက်၍ အာ​ကာ​သ​ကောင်း​ကင်၏ တန်​ခိုး​ကို အ​စိုး​ရ​သော မင်း​တည်း​ဟူ​သော ငြင်း​ဆန်​သော သူ​တို့၌ ပြု​ပြင်​သော ဝိ​ညာဉ်၏​အ​လို​နှင့်​အ​ညီ၊ ဒု​စ​ရိုက်​အ​ပြစ်​တို့၌ ကျင်​လည်​ကြ၍၊ ထို​ဒု​စ​ရိုက်​အ​ပြစ်၌ သေ​လျက်​ရှိ​နေ​သော သင်​တို့​ကို​ပင် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​တော်​မူ​ပြီ။-

ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။ သို့​သော်​လည်း၊ ရွေ့​လျော့​လျှင်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် ထို​သူ​ကို အား​ရ​နှစ်​သက်​ခြင်း​မ​ရှိ​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ၏။-

ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ သို့​သော်​လည်း အ​ထက်​က ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်​ဆိုင်​လျှင် ငါ​တို့​နှင့်​အ​တူ နေ​ကြ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။-

မေ​တ္တာ​ပွဲ​လုပ်၍ သင်​တို့​နှင့်​အ​တူ စား​သောက်​သော​အ​ခါ အား​မ​နာ​ဘဲ၊ မိ​မိ​တို့​ကို​ဝ​စွာ​ကျွေး၍ ပွဲ၌ အ​စွန်း​အ​ကွက်​ဖြစ်​ကြ၏။ ရေ​မ​ရှိ၊ လေ​တိုက်၍​လွင့်​သော မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ ညှိုး​နွမ်း၍ အ​သီး​မ​တင်၊ နှစ်​ကြိမ်​သေ၍ နုတ်​ပစ်​သော သစ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ