တိတ်ဆိတ်စွာပေးသောလက်ဆောင်သည် သူ့စိတ်ကိုလည်းကောင်း၊ ရင်ခွင်၌ချထားသော လက်ဆောင်ပဏ္ဏာသည် ပြင်းစွာသော အမျက်ကိုလည်းကောင်း ဖြေတတ်၏။
ကိုယ်တော်ကျွန်ယာကုပ်သည်လည်း နောက်မှာရှိပါ၏ဟု၊ ကြားလျှောက်ရမည်ဟူ၍လည်းကောင်း မှာထားလေ၏။ ယာကုပ်က၊ ယခုငါ့ရှေ့တွင် ထွက်သွားသောလက်ဆောင်ဖြင့်၊ သူ၏စိတ်ကိုငါဖြေမည်။ နောက်မှ မျက်နှာချင်းဆိုင်တွေ့သောအခါ၊ ငါ့ကိုလက်ခံကောင်း လက်ခံလိမ့်မည်ဟု အကြံရှိသတည်း။
အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ ထိုသူအား ဆက်စရာဖို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည်၏အသီးမျိုး အကောင်းဆုံးတည်းဟူသော ဗာလစံစေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုယူကြလော့။
မတရားသောသူသည် တရားလမ်းကိုဖျက်သော အဖိုးတံစိုးကို သူတစ်ပါး၏ခါးပိုက်အိတ်ထဲက နှိုက်ယူတတ်၏။
လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။
လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်းလင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့် ရှိတတ်၏။
များသောသူတို့သည် မင်းကို ဖျောင်းဖျတတ်ကြ၏။ လက်ဆောင်ပေးသောသူကိုလည်း၊ လူတိုင်း မိတ်ဆွေဖွဲ့တတ်၏။
သူဆောင်ခဲ့သော လက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏မျက်နှာကိုလည်း ထောက်၍ နေမည်ဟုဆိုလေ၏။