မထီမဲ့မြင်ပြုသောသူသည် အပြစ်ဒဏ်ကို ခံရသောအခါ၊ ဉာဏ်တိမ်သောသူသည် သတိရတတ်၏။ သတိရသောသူသည်လည်း သွန်သင်ခြင်းကိုခံသောအခါ၊ ပညာတိုးပွားတတ်၏။
ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာအတတ် တိုးပွားရလိမ့်မည်။
ဉာဏ်ကောင်းသောသူ၏စိတ်နှလုံးသည် ပညာအတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။
သူတစ်ပါးများနှင့် မရောနှောသောသူသည် မိမိစေတနာအလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာအမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာအတတ်ကို သိုထားတတ်၏။ ပညာရှိသောသူ၏နားသည်လည်း၊ ပညာစကားကိုရှာတတ်၏။
မထီမဲ့မြင်ပြုသောသူကိုရိုက်လျှင် ဉာဏ်တိမ်သောသူသည် သတိရလိမ့်မည်။ ဉာဏ်ကောင်းသောသူကို ဆုံးမလျှင်၊ သူသည် ပညာတရားကို နားလည်လိမ့်မည်။
မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကိုလည်းကောင်း၊ လူဆိုးကို အပြစ်ပြသောသူသည် ကဲ့ရဲ့ခြင်းကိုလည်းကောင်း ခံရလိမ့်မည်။
ပညာရှိသောသူကိုဆုံးမလျှင်၊ သူသည် သာ၍ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ် တိုးပွားလိမ့်မည်။
သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသော ဣသရေလအမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက်ပြေးကြ၏။
ထိုစကားကိုကြားလျှင်၊ အာနနိသည် လဲ၍သေ၏။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။-
ထိုသတင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တစ်ဖန်မပြုဝံ့ဘဲ နေကြလိမ့်မည်။
မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသတင်းကိုကြား၍ ကြောက်ရွံ့ခြင်းရှိကြလိမ့်မည်။
ထိုအချိန်နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၍၊ မြို့ရိုး ဆယ်စုတစ်စုပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြွင်းသောသူတို့သည် ကြောက်ရွံ့၍ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းကြ၏။-