လူများတို့သည် မိမိတို့ပြုသောကျေးဇူးကို ကြားပြောတတ်၏။ သစ္စာရှိသောသူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ။ သူတော်ကောင်းမျိုးသည်ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏။
အိမ်နီးချင်းတို့သည် တစ်ဦးကိုတစ်ဦး မုသားသုံး၍ ချော့မော့သောနှုတ်ခမ်း၊ နှစ်ခွသောစိတ်နှင့် ပြောတတ်ကြပါ၏။
လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့် တူသော်လည်း၊ ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။
ပေးမည်ဟု ဝါကြွား၍မပေးဘဲနေသောသူသည် မိုးရေမပါသော တိမ်နှင့် လေကဲ့သို့ဖြစ်၏။
ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတစ်ပါးချီးမွမ်းပါလေစေ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ၊ ကိုယ်နှင့်မဆိုင်သော သူတစ်ပါး ချီးမွမ်းပါလေစေ။
ယောက်ျားတစ်ထောင်တို့တွင် တစ်ယောက်ကို ငါတွေ့ပြီ။ မိန်းမတစ်ထောင်တို့တွင် တစ်ယောက်ကိုမျှ ငါမတွေ့။
ယေရုရှလင်မြို့ကို အပြစ်မှငါလွှတ်မည်အကြောင်း၊ တရားသဖြင့်ကျင့်သော မြို့သား၊ သစ္စာစောင့်သော မြို့သား တစ်စုံတစ်ယောက်မျှရှိလျှင်၊ ထိုသူကိုတွေ့အံ့သောငှာ၊ မြို့လမ်းတို့၌ တောင်မြောက်ပြေး၍၊ ကျယ်သောအရပ်တို့၌ ရှာဖွေကြည့်ရှုကြလော့။
ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့လည်းကောင်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့လည်းကောင်း ငါဖြစ်၏။ စားစရာဖို့ စပျစ်သီးပြွတ် မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီးကို ငါတောင့်တရ၏။
ကောင်းသောပြည်သားအပေါင်းတို့သည် ကွယ်ပျောက်ကြပြီ။ ဖြောင့်မတ်သောသူ တစ်ယောက်မျှမရှိ။ ခပ်သိမ်းသောသူတို့သည် လူအသက်ကို သတ်ခြင်းငှာ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကျော့ကွင်းနှင့် ဖမ်းတတ်ကြ၏။
ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူ တို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။-
ဖာရိရှဲသည် တစ်ယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတစ်ပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။-
ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊-
ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။
ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့လည်းကောင်း၊ အသေသတ်ခြင်းသို့လည်းကောင်း လိုက်ခြင်းငှာ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊-
နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့် ကင်းလွတ်သော ဣသရေလလူစစ်ကို ကြည့်လော့ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။-
ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော။ ထိုသို့ဖြစ်လျှင်၊ သင်တို့သည် ငါ့ကို အနိုင်အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်း ဟူမူကား၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့်၏။ ငါသည် ဘာမျှမဟုတ်သော်လည်း၊ အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်မညံ့။-