Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 20:28

Judson Bible

က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​သည် ရှင်​ဘု​ရင်​ကို​စောင့်​မ​တတ်၏။ ရာ​ဇ​ပ​လ္လင်​တော်​သည် က​ရု​ဏာ​တ​ရား​အား​ဖြင့် မြဲ​မြံ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သ​နား​စုံ​မက်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို​အ​ကြောင်း​ပြု၍ သီ​ချင်း​ဆို​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ရှေ့​တော်၌ သီ​ချင်း​ဆို​ပါ​မည်။

အ​ကြောင်း​မူ​ကား၊ မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏​က​ရု​ဏာ​တော်​ကြောင့် တည်​ကြည်​တတ်​ပါ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​ကြောင့်၊ အ​ကျွန်ုပ်​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ၍၊ ရွေ့​လျော့​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌ သ​နား​စုံ​မက်​တော်​မူ​ခြင်း​စိတ်​ကို မ​ချုပ်​တည်း​ပါ​နှင့်။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​စောင့်​မ​ပါ​စေ​သော။

ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​န​န္တ​ကာ​လ​ပတ်​လုံး နေ​တော်​မူ​စေ​သ​တည်း။ က​ရု​ဏာ​နှင့် သ​စ္စာ​တော်​သည် သူ့​ကို စောင့်​မ​စေ​သ​တည်း။

ရှင်​ဘု​ရင်​ပြု​သော​ဒု​စ​ရိုက်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ရာ​ဇ​ပ​လ္လင်​သည် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်​သာ တည်​တတ်၏။

က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​အား​ဖြင့် အ​ပြစ်​ပြေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​အား​ဖြင့် ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။

ဆင်း​ရဲ​သား​တို့​ကို တ​ရား​သ​ဖြင့်​စီ​ရင်​သော ရှင်​ဘု​ရင်၏​အာ​ဏာ​တော်​သည် အ​စဉ်​အ​မြဲ တည်​တတ်၏။

က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​ကို သင်​နှင့်​မ​ကွာ​စေ​နှင့်။ ထို​တ​ရား​တို့​ကို သင်၏​လည်​ပင်း၌ ဆွဲ​ထား​လော့။ နှ​လုံး​အင်း​စာ​ရင်း၌ ရေး​သွင်း​လော့။

ရာ​ဇ​ပ​လ္လင်​သည်​လည်း၊ က​ရု​ဏာ၌ တည်​လိမ့်​မည်။ သ​စ္စာ​နှင့်​ပြည့်​စုံ၍၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​သည် ဖြောင့်​မတ်​စွာ စစ်​ကြော၍၊ တ​ရား​မှု​ကို အ​လျင်​အ​မြန် ဆုံး​ဖြတ်​တော်​မူ​လျက်၊ ဒါ​ဝိဒ်​မင်း၏​တဲ​တော်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။

အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ၍၊ အ​ရှင်​မင်း​ကြီး​အ​ပေါ်၌ ရောက်​ရ​သော မြင်​မက်​တော်​မူ​ချက်၏​အ​နက်​ဟူ​မူ​ကား၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ