Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 20:24

Judson Bible

လူ​သွား​ရာ​လမ်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ၏။ သို့​ဖြစ်၍ သူ​သည် မိ​မိ​သွား​ရာ​လမ်း​တို့​ကို အ​ဘယ်​သို့ နား​လည်​နိုင်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​ကြင်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​တတ်၏။ ထို​သူ​အား နှစ်​သက်​ဖွယ်​သော​လမ်း​ကို ပြ​ညွှန်​တော်​မူ​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​တို့​ကို အ​ကျွန်ုပ်​အား ပြ​ညွှန်၍၊ ခ​ရီး​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။

ကောင်း​သော​သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပဲ့​ပြင်၍၊ သူ​သွား​ရာ​လမ်း​ကို နှစ်​သက်​တော်​မူ၏။

ပ​ညာ​သ​တိ​ရှိ​သော သူ၏​ပ​ညာ​ကား၊ ကိုယ်​သွား​ရ​သော​လမ်း​ကို သိ​ခြင်း​တည်း။ မိုက်​သော​သူ၏​မိုက်​ခြင်း​မူ​ကား၊ ပ​ရိ​ယာယ်​တည်း။

စိတ်​နှ​လုံး​အ​ကြံ​အ​စည်​တို့​သည် လူ​နှင့်​ဆိုင်​ကြ၏။ လျှာ​နှင့် ပြန်​ပြော​ချက်​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။

လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို စိတ်​ထဲ​မှာ ကြံ​စည်၏။ သို့​သော်​လည်း သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို အ​စိုး​မ​ရ။ သွား​စဉ်​အ​ခါ မိ​မိ​ခြေ​ရာ​တို့​ကို မ​စီ​ရင်​တတ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။

ကောင်း​ကင်​ဘုံ၏ အ​ရှင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ဗိ​မာန်​တော်၏ ဖ​လား​တို့​ကို ရှေ့​တော်​သို့ ယူ​ခဲ့​စေ၍၊ ကိုယ်​တော်​တိုင်​မှ​စ​သော မှူး​တော်​မတ်​တော်၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ​တ​ကား။ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း၍၊ ကိုယ်​တော်၏ အ​သက်​သ​ခင်​တည်း​ဟူ​သော ကိုယ်​တော်၏​အ​မှု​အ​လုံး​စုံ​တို့​ကို စီ​ရင်​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို မ​ချီး​မွမ်း​ဘဲ နေ​ပါ​ပြီ​တ​ကား။

ငါ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖြင့် အ​သက်​ရှင်​လျက်၊ လှုပ်​ရှား​လျက်၊ ဖြစ်​လျက်​ရှိ​ကြ၏။ ထို​သို့​နှင့်​အ​ညီ၊ သင်​တို့​တွင် လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ ငါ​တို့​သည်​ကား၊ နွယ်​တော်​သား​ပင်၊ ဘု​ရား​မျိုး​ပေ၊ ဖြစ်​ကြ​လေ​ဟု စပ်​ဆို​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ