မကျွမ်းသောသူအတွက်၊ အမျိုးပျက်သောမိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစရှိသော ဥစ္စာတစ်စုံတစ်ခုကို ပေါင်ထားစေ။
အကျွမ်းမဝင်သောသူ၏အမှု၌ အာမခံသောသူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သောအမှုကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။
အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ်သော ပြည့်တန်ဆာမိန်းမ၊
ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောနှုတ်မူကား၊ အလွန်အဖိုးထိုက်သော ရတနာဖြစ်၏။
လှည့်စား၍ရသော အစာသည် ချိုမြိန်သော်လည်း၊ စားသောသူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။
ပြည့်တန်ဆာမသည် နက်သောကျုံးကဲ့သို့လည်းကောင်း၊ အမျိုးပျက်သောမိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့လည်းကောင်း ဖြစ်၏။
အကြောင်းမူကား၊ အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၍၊ သူပြောသောစကားသည် ဆီထက်ချောသော်လည်း၊
ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်လည်းကောင်း၊ သူတစ်ပါးနှင့် လက်ဝါးချင်း ရိုက်မိသော်လည်းကောင်း၊
ပြည့်တန်ဆာအဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။
သို့ပြုလျှင် သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည့်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။