မိမိသန့်ရှင်းသူတို့သည် တရားလမ်းကို စောင့်ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံစေတော်မူ၏။
အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့၏လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသောသူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း။
ထာဝရဘုရားသည် ကြည်ညိုသူအပေါင်းတို့ကို စောင့်မတော်မူ၏။ မတရားသောသူအပေါင်းတို့ကိုကား၊ ဖျက်ဆီးတော်မူမည်။
ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်အဖို့အလိုငှာ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။
ထာဝရဘုရားသည် တရားကိုနှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။ မတရားသောသူ၏သားမြေးတို့မူကား၊ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။
ထာဝရဘုရား၏တရားတော်သည် သူ၏စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍၊ သူသွားသောအခါ မချော်မလဲရ။
ငါတို့အသက်ကို မသေစေမည်အကြောင်းနှင့် ခြေကိုလည်း မချော်စေမည်အကြောင်း စောင့်မတော်မူ၏။
ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းသောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏သန့်ရှင်းသူတို့၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ၍၊ မတရားသောသူတို့၏လက်မှလည်း ကယ်နုတ်တော်မူ၏။
ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ လျှောက်သွားသည်ဖြစ်၍၊
ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတစ်ကောင်မျှ မတက်မလာရ။ ရှာ၍ မတွေ့ရ။ ရွေးနုတ်သောသူတို့သာလျှင် ခရီးသွားကြလိမ့်မည်။
အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိသန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင်ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ပျပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။
ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာလည်းကောင်း တတ်နိုင်တော်မူသော သူတည်းဟူသော၊-
မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၌ တိတ်ဆိတ်စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။