ဒုစရိုက်၌မွေ့လျော်၍ အဓမ္မလူ၏ကောက်လိမ်ခြင်းကို အားရနှစ်သက်သောသူ၊
မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့တတ်၏။ ဉာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။
မတရားသောသူသည် မနာလိုသောစိတ်ရှိ၏။ အိမ်နီးချင်း၌ ကျေးဇူးပြုချင်သောအလိုမရှိ။
သူတို့သည် သူတစ်ပါး၌ အပြစ်မပြုရလျှင် မအိပ်တတ်။ တစ်စုံတစ်ယောက်သောသူကို မလဲစေလျှင် အိပ်၍မပျော်တတ်။
ငါချစ်သောအစ်မသည် များစွာသောသူတို့နှင့် မတရားသဖြင့် ပေါင်းဖော်၍၊ ဆိုးညစ်စဉ်တွင်၊ ငါ့အိမ်နှင့် အဘယ်သို့ဆိုင်သနည်း။ သင်သည် သန့်ရှင်းသောအမဲသားကို မပူဇော်ရ။ ဒုစရိုက်ကို ပြုစဉ်တွင်ပင်၊ ဝမ်းမြောက်ပါသည်တကား၊
ဆိုးညစ်သော အမှုအားဖြင့် ရှင်ဘုရင်ကိုလည်းကောင်း၊ မုသားစကားအားဖြင့် မင်းများကိုလည်းကောင်း ဝမ်းမြောက်စေကြ၏။
ရန်သူသည် ထိုသူအပေါင်းတို့ကို ငါးမျှားနှင့် မျှားလျက်၊ ကွန်နှင့်အုပ်လျက်၊ ပိုက်နှင့်လှောင်လျက် ဝမ်းမြောက်ရွှင်လန်းတတ်၏။
ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ သင်၏ဂုဏ်အသရေကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ်၌ ငါပယ်ရှားမည်။ သင်သည်လည်း ငါ၏သန့်ရှင်းသောတောင်ကို အမှီပြု၍ နောက်တစ်ဖန် မာနမထောင်လွှားရ။
ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။
မတရားသောအမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။-