Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 18:3

Judson Bible

မ​တ​ရား​သော​သူ​လာ​သော​အ​ခါ၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​ရ၏။ ဂုဏ်​အ​သ​ရေ​ပျက်​သော​အ​ခါ၊ ကဲ့​ရဲ့​ခြင်း​ကို​လည်း ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အို အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​ပါ၏။ သူ​တို့​ကဲ့​ရဲ့​သော​စ​ကား​သည်၊ သူ​တို့​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​ပါ​စေ​သော။ သိမ်း​သွား​ခြင်း​ကို ခံ​ရာ​ပြည်၌ လု​ယက်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။

ကဲ့​ရဲ့​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည် စိတ်​ပျက်၍ အ​လွန်​ပူ​ဆွေး​ခြင်း​ရှိ​ပါ၏။ သ​နား​သော​သူ​ကို ကြည့်၍ မ​မြင်။ သက်​သာ​စေ​သော​သူ​ကို ရှာ၍ မ​တွေ့​ရ​ပါ။

ကိုယ်​တော်၏​အိမ်​တော်၌ စွဲ​လမ်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို​စား​ပါ၏။ ကိုယ်​တော်​ကို ကဲ့​ရဲ့​သော သူ​တို့၏​စ​ကား​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ၏။

မာ​န​ထောင်​လွှား​သော​အ​ခါ အ​ရှက်​ကွဲ​ခြင်း​ဖြစ်​တတ်၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့၌​ကား ပ​ညာ​ရှိ၏။

ဖြောင့်​မတ်​သော​သူ​သည် မု​သား​စ​ကား​ကို​မုန်း​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ စက်​ဆုပ်​ဖွယ်​ဖြစ်၍၊ အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​တတ်၏။

မိုက်​သော​သူ​မူ​ကား၊ မိ​မိ​စိတ်​သ​ဘော​ကို ပြ​စ​ရာ​အ​ခွင့်​မှ​တစ်​ပါး၊ အ​ခြား​သော​အ​ကြောင်း​ကြောင့် ဉာဏ်​ပ​ညာ၌ မ​ပျော်​မွေ့​တတ်။

နှုတ်​ထွက်​သော​စ​ကား​သည် နက်​သော​ရေ​ကဲ့​သို့​လည်း​ကောင်း၊ ပ​ညာ​စမ်း​ရေ​တွင်း​သည် ရေ​စီး​သော မြစ်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို​နှင်​ထုတ်​လော့။ သို့​ပြု​လျှင် ရန်​မာန်​လည်း ထွက်​သွား​လိမ့်​မည်။ ရန်​တွေ့​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​လည်း ငြိမ်း​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့​သည် များ​ပြား​သော​အ​ခါ၊ လွန်​ကျူး​ခြင်း​အ​ပြစ် တိုး​ပွား​တတ်၏။ သို့​ရာ​တွင်၊ သူ​တို့​ပျက်​စီး​ခြင်း​ကို ဖြောင့်​မတ်​သော​သူ​တို့​သည် မြင်​ရ​ကြ၏။

ခ​ရစ်​တော်၏ နာ​မ​ကြောင့် ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​ကြီး​သော ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ၏။ သူ​တို့၌​ကား ကဲ့​ရဲ့​ခြင်း၊ သင်​တို့၌​ကား ချီး​မွမ်း​ခြင်း​ရှိ​တော်​မူ၏။-

ယ​ခု​မှာ သင်​တို့​သည် သူ​တို့​နှင့်​အ​တူ မ​ဆက်​ဆံ၊ ကာ​မ​ဂုဏ်၌ လွန်​ကျူး​ညစ်​ညူး​စွာ မ​ပြု​သည်​အ​ရာ​ကို သူ​တို့​သည်​အံ့​ဩ၍ ကဲ့​ရဲ့​တတ်​ကြ၏။-

ထို​အ​ခါ ရှော​လု​သည် ယော​န​သန်​ကို အ​မျက်​ထွက်၍၊ မျောက်​မ​ထား​သော မိန်း​မ၏​သား၊ သင်​သည် ကိုယ်​တိုင် အ​ရှက်​ကွဲ​သည်​တိုင်​အောင်​လည်း​ကောင်း၊ သင့်​အ​မိ​အ​ဝတ်​ကျွတ်၍ အ​ရှက်​ကွဲ​သည်​တိုင်​အောင်​လည်း​ကောင်း၊ ယေ​ရှဲ၏​သား​ဘက်၌ နေ​သည်​ကို ငါ​မ​သိ​သ​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ