Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 17:7

Judson Bible

မြတ်​သော​စ​ကား​သည် မိုက်​သော​သူ​နှင့် မ​တော်​မ​သင့်။ ထို​မျှ​မ​က၊ မု​သား​စ​ကား​သည် မင်း​နှင့် မ​တော်​မ​သင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ကျောက်​သည် ငါ့​အား​ဖြင့် မိန့်​မြွက်​တော်​မူ​သည်​ကား၊ လူ​တို့​ကို အုပ်​စိုး​သော​သူ​သည် တ​ရား​သ​ဖြင့်​စီ​ရင်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​လျက် အုပ်​စိုး​ရ​မည်။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ဒု​စ​ရိုက်​ကို ပြု​တော်​မ​မူ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် မ​တ​ရား​သ​ဖြင့် စီ​ရင်​တော်​မ​မူ။

မာ​န​ထောင်​လွှား​ခြင်း၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​နှင့် တ​ကွ၊ ဖြောင့်​မတ်​သော​သူ​တစ်​ဖက်၌ စော်​ကား​သော​စ​ကား​ကို​ပြော၍၊ မု​သား၌​ကျင်​လည်​သော နှုတ်​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ​သော။

သ​စ္စာ​နှုတ်​ခမ်း​သည် အ​စဉ်​အ​မြဲ​တည်၏။ မု​သား​လျှာ​မူ​ကား ခ​ဏ​သာ​တည်၏။

မု​သား​သုံး​သော​နှုတ်​ခမ်း​သည် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​ဖွယ်​ဖြစ်၏။ သ​စ္စာ​တ​ရား​ကို စောင့်​ရှောက်​သော​သူ​တို့​မူ​ကား၊ နှစ်​သက်​တော်​မူ​ဖွယ်​ဖြစ်​ကြ၏။

မိုက်​သော​သူ​သည် မ​ပျော်​မွေ့​သင့်။ ထို​မျှ​မ​က၊ ကျွန်​သည်​မင်း​တို့​ကို အ​စိုး​မ​ရ​သင့်။

ပ​ညာ​မြင့်​သော​ကြောင့် မိုက်​သော​သူ​မ​မီ​နိုင်။ မြို့​တံ​ခါး​ဝ၌ စ​ကား​မ​ပြော​ဝံ့။

နွေ​ကာ​လ၌ မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း၊ စ​ပါး​ရိတ်​ရာ​ကာ​လ၌ မိုး​ရေ​ကဲ့​သို့​လည်း​ကောင်း၊ မိုက်​သော​သူ​သည် ဂုဏ်​အ​သ​ရေ​ကို မ​ခံ​သင့်။

သု​တ္တံ​စ​ကား​ကို မိုက်​သော​သူ ပြော​ခြင်း​သည် ခြေ​ဆွံ့​သော​သူ၏ ခြေ​ကြွ​ခြင်း​ကဲ့​သို့ ဖြစ်၏။

မင်း​သည် မု​သား​စ​ကား​ကို နား​ထောင်​လျှင်၊ ကျွန်​အ​ပေါင်း​တို့​သည် လူ​ဆိုး​ဖြစ်​ကြ​လိမ့်​မည်။

ထောင်​လွှား​သော မျက်​နှာ​တစ်​ပါး၊ မု​သား၌ ကျင်​လည်​သော​လျှာ​တစ်​ပါး၊ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို​သတ်​သော လက်​တစ်​ပါး၊

လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေး​ဦး​စွာ ထုတ်​ပစ်​လော့။ နောက်​မှ ညီ​အစ်​ကို မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပစ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ