Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 17:3

Judson Bible

ငွေ​စစ်​စ​ရာ​ဖို့ မိုက်​ကို​လည်း​ကောင်း၊ ရွှေ​စစ်​စ​ရာ​ဖို့ မီး​ဖို​ကို​လည်း​ကောင်း သုံး​တတ်၏။ စိတ်​နှ​လုံး​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား စစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။

သို့​သော်​လည်း ငါ​သွား​သော​လမ်း​ကို သိ​တော်​မူ၏။ စစ်​တော်​မူ​ခြင်း​ကို ခံ​ပြီး​မှ၊ ရွှေ​ကဲ့​သို့​ငါ​ပေါ်​လိမ့်​မည်။

ငွေ​လိုက်​သော​ငွေ​ကြောင်း​သည် စင်​စစ်​ရှိ၏။ လူ​စစ်​တတ်​သော ရွှေ​နေ​ရာ​လည်း​ရှိ၏။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို​စစ်​ကြော၍၊ အ​ကျွန်ုပ်၏​နှ​လုံး​ကို သိ​မှတ်​တော်​မူ​ပါ။ စုံ​စမ်း၍ စိတ်​အ​ထင်​များ​ကို​လည်း သိ​မှတ်​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​စစ်​ဆေး​စုံ​စမ်း၍၊ နှ​လုံး​ကျောက်​ကပ်​ကို ဆေး​ကြော​တော်​မူ​ပါ။

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို စုံ​စမ်း​တော်​မူ​ပြီ။ ငွေ​ကို​စစ်​ဆေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို စစ်​ဆေး​တော်​မူ​ပြီ။

မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထင်​ရှား၏။ ထို​မျှ​မ​က၊ လူ​သား​တို့၏​နှ​လုံး​သည် သာ၍​ထင်​ရှား၏။

လူ​သည် မိ​မိ​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို နှစ်​သက်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ စိတ်​သ​ဘော​တို့​ကို ချိန်​တော်​မူ၏။

ပ​ညာ​ရှိ​သော​ကျွန်​သည် အ​ရှက်​ခွဲ​သော​သား​ကို​အုပ်​စိုး၍ ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​တတ်၏။

လူ​တို့​သည် မိ​မိ​တို့​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို နှစ်​သက်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ စိတ်​နှ​လုံး​တို့​ကို ချိန်​တော်​မူ၏။

ငွေ​စစ်​စ​ရာ​ဖို့ မိုက်​ရှိ၏။ ရွှေ​စစ်​စ​ရာ​ဖို့ မီး​ဖို​ရှိ၏။ လူ​ကို​စစ်​စ​ရာ​ဖို့ သူ​တစ်​ပါး​ချီး​မွမ်း​ခြင်း​ရှိ၏။

ငါ​သည် သင့်​ကို စစ်​ခဲ့​ပြီ။ သို့​သော်​လည်း၊ ငွေ​ကို စစ်​သ​ကဲ့​သို့ မ​ဟုတ်၊ ဒု​က္ခ​မှိုက်၌ သင့်​ကို စုံ​စမ်း​ခဲ့​ပြီ။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ မိ​မိ​တို့​ခံ​ထိုက်​သော အ​ကျိုး​အ​ပြစ်​ကို​ပေး​ခြင်း​ငှာ၊ နှ​လုံး​ကျောက်​ကပ်​တို့​ကို စေ့​စေ့​စစ်​ကြော​တတ်၏။

အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ရှေ့​မှာ​ချော်​ဖြစ်​လေ​ပြီ။ ထို​သူ​အ​ပေါင်း​တို့​သည် မိုက်​ထဲ၌ ထည့်​သော ကြေး​နီ၊ ကြေး​ဖြူ၊ သံ၊ ခဲ​ကဲ့​သို့​ငွေ​နှင့်​ကွာ​သော ချော်​ဖြစ်​ကြ၏။

အ​မှု​ဆုံး​ရ​သည် ကာ​လ​တိုင်​အောင်၊ ပ​ညာ​ရှိ​သော​သူ အ​ချို့​တို့​သည်​လည်း စုံ​စမ်း​ခြင်း​ကို​ခံ၍၊ သန့်​ရှင်း​ဖြူ​စင်​ရ​မည် အ​ကြောင်း လဲ​ကြ​လိမ့်​မည်။ ထို​အ​မှု​သည် ချိန်း​ချက်​သော ကာ​လ​တိုင်​အောင် ဖြစ်​ရ​သ​တည်း။

ထို​တစ်​စု​ကို မီး​အ​လယ်​သို့ ငါ​လျှောက်​သွား​စေ​မည်။ ငွေ​ကို ချွတ်​သ​ကဲ့​သို့ ချွတ်​မည်။ ရွှေ​ကို စုံ​စမ်း​သ​ကဲ့​သို့ စုံ​စမ်း​မည်။ သူ​တို့​သည် ငါ့​နာ​မ​ကို ပ​တ္ထ​နာ​ပြု၍ ငါ​နား​ထောင်​မည်။ သူ​တို့​ကို ငါ၏​လူ​မျိုး​ဟူ၍ ငါ​ခေါ်​ဝေါ်​မည်။ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ​လိမ့်​မည်။

သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ နောက်​ဆုံး၌​ကျေး​ဇူး​ပြု​လို​သော​ငှာ၊ သင်၏ ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် တော၌​ကျွေး​မွေး​တော်​မူ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့၍၊

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ချင်​သော​စိတ်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မည်​အ​ကြောင်း၊ လွန်​ခဲ့​ပြီး​သော အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​တော်​မူ​သော လမ်း​ခ​ရီး​တစ်​လျှောက်​လုံး​ကို အောက်​မေ့​ရ​မည်။

သူ၏​သား​သ​မီး​တို့​ကို​လည်း အ​သေ​သတ်​မည်။ ငါ​သည် နှ​လုံး​ကျောက်​ကပ်​ကို စစ်​ဆေး​တော်​မူ​သော သူ​ဖြစ်​ကြောင်း​ကို ထို​သို့​သော​အား​ဖြင့် ခပ်​သိမ်း​သော အ​သင်း​တော်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​သီး​အ​သီး​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ပေး​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ