မိုက်သောသူကို ဖြစ်ပွားစေသောသူသည် မိမိကိုယ်မိမိ ဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်း မရှိ။
ဧသောသည် အသက်လေးဆယ်ရှိသောအခါ၊ ဟိတ္တိအမျိုးသားဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိအမျိုးသား ဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်လေ၏။
ရှင်ဘုရင်သည် အလွန်နာကျင်သောစိတ်ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ်တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ငိုကြွေးလေ၏။
ရှောလမုန်မင်း၏သုတ္တံစကားဟူမူကား၊ ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက်သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။
ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။
မိုက်သောသူသည် အဘဝမ်းနည်းစရာအကြောင်း၊ မွေးသောအမိ စိတ်ညစ်စရာအကြောင်းဖြစ်၏။
မိုက်သောသားသည် အဘဆင်းရဲစရာအကြောင်း ဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း၊ အစက်စက်ကျသော မိုးပေါက်နှင့်တူ၏။
ငါဝမ်းမြောက်ခြင်း၏ အကြောင်းသည် သင်တို့ရှိသမျှ၏ ဝမ်းမြောက်ခြင်းအကြောင်းဖြစ်သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက်သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်း အကြောင်းကို မပြုစေခြင်းငှာ၊ အထက်စာကို ငါရေး၍ ပေးလိုက်၏။-
ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမရှိ။
သို့ရာတွင် အဘလမ်းသို့မလိုက်။ ငွေကိုတပ်မက်သောစိတ်နှင့် လွဲသွား၍ တံစိုးစားလျက် တရားကိုဖျက်ကြ၏။