သုတ္တံကျမ်း။ 17:17Judson Bibleအဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ယခုကာလ သင်သည် တိတ်ဆိတ်စွာနေလျှင်၊ သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်းအကြောင်း တစ်စုံတစ်ခု ပေါ်လိမ့်မည်။ ယခုအမှုကိုဆောင်ဖို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လောဟု ဧသတာအား ပြန်ပြောစေခြင်းငှာ မှာလိုက်၏။
ရုသက၊ ကျွန်မသည် ကိုယ်တော်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှာ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရား ဖြစ်ပါစေ။