Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 16:4

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ကိုယ်​တော်​အ​ဖို့၊ မ​တ​ရား​သော​သူ​တို့​ကို​လည်း ဘေး​ဒဏ်​ခံ​ရ​သော​နေ့​အ​ဖို့ ဖန်​ဆင်း​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကို​ကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဉ့်ဦး​နှင့် နံ​နက်​သည် ဆ​ဋ္ဌ​မ​နေ့​ရက်​ဖြစ်​လေ​၏။

စား​စ​ရာ​ကို ရှာ၍ လှည့်​လည်​ရ၏။ မိ​မိ​အ​ဖို့ မှောင်​မိုက်​ကာ​လ​သည် အ​သင့်​ရှိ​သည်​ကို သိ၏။

ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ဖို့ မ​တ​ရား​သော​သူ​တို့​သည် ယ​ခု​ဘေး​လွတ်​လိမ့်​မည်​အ​ကြောင်း၊ ဒေါ​သ​အ​မျက်​ခံ​ရာ နေ့​ရက်​ကာ​လ​ဖို့ ယ​ခု​ထွက်​မြောက်​လိမ့်​မည် အ​ကြောင်း​တည်း​ဟူ​သော သူ​တို့​လ​က္ခ​ဏာ​သက်​သေ​များ​ကို မ​သိ​ကြ​သ​လော။

အ​ကယ်​စင်​စစ် ငါ့​တန်​ခိုး​ကို သင်၌​ငါ​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​နာ​မ​ကို မြေ​ကြီး​တစ်​ပြင်​လုံး​တွင် ကျော်​စော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​ငါ​ချီး​မြှောက်​ခဲ့​ပြီ။

မာ​န​ကြီး​သော​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ သူ​တို့​သည်​အ​သင်း​ဖွဲ့​သော်​လည်း၊ အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ​ကြ။

ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မိ​မိ​တို့​အ​ချိန်​တန်​မှ၊ လျောက်​ပတ်​စွာ ဖန်​ဆင်း​တော်​မူ​ပြီ။ လူ​စိတ်​နှ​လုံး​ကို​လည်း အ​န​န္တ​ကာ​လ၌ စွဲ​လန်း​စေ​တော်​မူ​ပြီ။ သို့​ရာ​တွင်၊ ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို၊ အ​စ​မှ​အ​ဆုံး​တိုင်​အောင်၊ လူ​သည် စစ်၍​မ​ကုန်​နိုင်။

ကိုယ်​အ​ဖို့ ငါ​ဖန်​ဆင်း​သော ထို​လူ​မျိုး​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ပြ​ရ​လိမ့်​မည်။

ငါ့​နာ​မ​ဖြင့် သ​မုတ်​သော​သူ၊ ငါ၏​ဘုန်း​အ​သ​ရေ​ဖို့ ငါ​ဖန်​ဆင်း​ပြု​ပြင်၍၊ ဧ​ကန်​စင်​စစ် လုပ်​ပြီး​သော သူ​အ​ပေါင်း​တို့​ကို ဆောင်​ခဲ့​လော့​ဟု ငါ​ပြော​မည်။

ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်​အ​ထဲ​က​လည်း​ကောင်း၊ ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း ဖြစ်​ကြ၏။ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မျက်​တော်​ကို​ပြ၍၊ တန်​ခိုး​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျက်၊ ပျက်​စီး​ခြင်း​အ​ဖို့ ပြင်​ဆင်​သော အ​မျက်​ခံ​ရာ​အိုး​များ​တို့​ကို အ​လွန်​သည်း​ခံ​ခြင်း​ခ​န္တီ​နှင့် သည်း​ခံ​တော်​မူ​သည် မှန်​လျှင် အ​ဘယ်​ပြော​ဖွယ်​ရှိ​အံ့​နည်း။-

နား​မ​ထောင်​ဘဲ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိ​မိ၍ လဲ​သော​သူ​တို့​သည် ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​လည်း ဖြစ်၏။ ထို​အ​မှု​နှင့် တွေ့​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ခန့်​ထား​တော်​မူ​သ​တည်း။

သူ​တို့​သည် လော​ဘ​လွန်​ကျူး​လျက် ချော့​မော့​သော​စ​ကား​နှင့် သင်​တို့​ကို ကုန်​သွယ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​စီ​ရင်​ခြင်း​သည် ရှေး​ကာ​လ​မှ​စ၍ မ​ဖင့်​မ​နွှဲ၊ သူ​တို့​ဖျက်​ဆီး​ခြင်း​သည်​လည်း အိပ်၍​မ​ပျော်။

ဘု​ရား​ဝတ်၌ မွေ့​လျော်​သော သူ​တို့​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ထဲ​က ကယ်​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့​ကို ဒဏ်​ခံ​စေ​မည် အ​ကြောင်း၊ ညစ်​ညူး​သော တပ်​မက်​ခြင်း ကိ​လေ​သာ​နှင့်​တ​ကွ၊ ကာ​မ​ဂုဏ်​အ​လို​သို့​လိုက်၍၊ အာ​ဏာ​စက်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​ကို အ​ထူး​သ​ဖြင့် ဒဏ်​ခံ​စေ​မည်​အ​ကြောင်း၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့​အ​ဖို့ ချုပ်​ထား​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တတ်​နိုင်​တော်​မူ၏။ ထို​သူ​တို့​သည် ရဲ​ရင့်​သော​သူ၊ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ​ဖြစ်၍၊ ဘုန်း​တန်​ခိုး​ကြီး​သော​သူ​တို့​ကို ကဲ့​ရဲ့​ဝံ့​ကြ၏။-

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​သည် အ​လို​တော်​ကြောင့်​ဖြစ်၍ ဖန်​ဆင်း​လျက်​ရှိ​ကြ​ပါ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် ဘုန်း​အ​သ​ရေ တန်​ခိုး​တော်​ကို ခံ​စား​ထိုက်​တော်​မူ၏​ဟု လျှောက်​ဆို၍၊ ပ​လ္လင်​တော်​ရှေ့၌ မိ​မိ​တို့​သ​ရ​ဖူ​များ​ကို ချ​ထား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ