သုတ္တံကျမ်း။ 16:33Judson Bibleစာရေးတံတို့ကို အိတ်ထဲ၌လောင်းလျက်ရှိရာတွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အလိုက်ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူသောအဆွေအမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရားမှတ်တော်မူသောအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရဘုရားမှတ်တော်မူသောအိမ်ထောင်သည် လူအသီးအသီးချဉ်းကပ်ရကြမည်။
သင်တို့ကို ဒုက္ခဆင်းရဲ ဘေးဥပဒ်ရှိသမျှတို့အထဲက ကယ်တင်သော သင်တို့၏ဘုရားသခင်ကို ယနေ့ သင်တို့သည်ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှာ ချီးမြှောက်တော်မူပါဟု လျှောက်ကြပြီ။ သို့ဖြစ်၍ အမျိုးအသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရားရှေ့တော်သို့ ချည်းကပ်ကြလော့ဟု ဣသရေလအမျိုးသားတို့အား ဆိုသဖြင့်၊