Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 16:1

Judson Bible

စိတ်​နှ​လုံး​အ​ကြံ​အ​စည်​တို့​သည် လူ​နှင့်​ဆိုင်​ကြ၏။ လျှာ​နှင့် ပြန်​ပြော​ချက်​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကျွန်​ဒါ​ဝိဒ်​ထံ​သို့ သွား​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ​နေ​စ​ရာ​ဖို့ အိမ်​ကို​ဆောက်​ရ​မည်​လော။

ရ​ထား​စီး​သူ​ရဲ အုပ်​ဗိုလ်​မင်း​တို့​သည် ယော​ရှ​ဖတ်​ကို​မြင်​သော​အ​ခါ၊ ထို​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​လိမ့်​မည်​ဟု​ဆို​လျက်၊ သူ့​ကို​တိုက်​အံ့​သော​ငှာ ဝိုင်း​လာ​ကြ၍၊ ယော​ရှ​ဖတ်​လည်း ကြွေး​ကြော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း မ​စ၍ သူ​တို့​ကို​လွှဲ​သွား​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သွေး​ဆောင်​တော်​မူ၏။

ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တင့်​တယ်​စေ​မည်​အ​ကြံ​ကို ရှင်​ဘု​ရင်​စိတ်​နှ​လုံး​ထဲ​သို့ သွင်း​ပေး​တော်​မူ​ထ​သော၊ ရှင်​ဘု​ရင်​ရှေ့၊ အ​တွင်း​ဝန်​များ၊ ဗိုလ်​မင်း​များ​ရှေ့​မှာ ငါ့​အား​အ​ခွင့်​ပေး​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​နှင့် နာ​မ​တော်​ကို ရို​သေ​ချင်​သော ကျွန်​တော်​များ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကို ယ​နေ့ ကောင်​ချီး​ပေး​တော်​မူ​ပါ။ ဤ​လူ​ရှေ့​မှာ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ငါ​သည် ရှင်​ဘု​ရင်၏ ဖ​လား​တော်​ကိုင် ဖြစ်​သ​တည်း။

ငါ့​နေ့​ရက်​လွန်​ပြီ။ ငါ​နှ​လုံး​သွင်း​မိ​သော အ​ကြံ​အ​စည်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့၏ တောင့်​တ​ခြင်း​အ​သံ​ကို ကြား​တော်​မူ၏။ သူ​တို့၏​စိတ်​နှ​လုံး​ကို တည်​ကြည်​စေ​တော်​မူ၏။

အ​ကျွန်ုပ်​စိတ်​နှ​လုံး​ကို လော​ဘ​ဘက်​သို့​မ​ဟုတ်၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ဘက်​သို့ ဆွဲ​တော်​မူ​ပါ။

သင်​သည်​သူ​နှင့်​စ​ကား​ပြော၍၊ သူ​ပြော​စ​ရာ​စ​ကား​ကို​ပေး​ရ​မည်။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သူ၏​နှုတ်၌​လည်း​ကောင်း​ငါ​ရှိ၍၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို သွန်​သင်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ​ကို​သွန်​သင်​ခြင်း​ဖြစ်၏။ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။

လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို စိတ်​ထဲ​မှာ ကြံ​စည်၏။ သို့​သော်​လည်း သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

လူ​သည် အ​ထူး​ထူး အ​ပြား​ပြား ကြံ​စည်​တတ်၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ကြံ​တော်​သည် တည်​လိမ့်​မည်။

လူ​သွား​ရာ​လမ်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ၏။ သို့​ဖြစ်၍ သူ​သည် မိ​မိ​သွား​ရာ​လမ်း​တို့​ကို အ​ဘယ်​သို့ နား​လည်​နိုင်​သ​နည်း။

ရှင်​ဘု​ရင်၏​စိတ်​နှ​လုံး​သည် ရေ​ချောင်း​ကဲ့​သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌​ရှိ​သ​ဖြင့်၊ အ​လို​တော်​ရှိ​သည်​အ​တိုင်း လှည့်​စေ​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို အ​စိုး​မ​ရ။ သွား​စဉ်​အ​ခါ မိ​မိ​ခြေ​ရာ​တို့​ကို မ​စီ​ရင်​တတ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။

ထို​သို့​သင်​တို့၏ အ​ကျိုး​ကို​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​ကို ဘု​ရား​သ​ခင်​သည် တိ​တု​အား​လည်း ပေး​တော်​မူ​သော ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ