တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား၊ အကြံတည်တတ်၏။
ယခုမှာ သင်၏အသက်နှင့် ရှောလမုန်၏အသက်ကို ချမ်းသာစေခြင်းငှာ ကျွန်ုပ်သည် အကြံပေးပါရစေ။
တစ်ဖန် ဒါဝိဒ်သည် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်အစရှိသော အကြီးအကဲအပေါင်းတို့နှင့် တိုင်ပင်ပြီးလျှင်၊
အကြံပေးနိုင်သော ဉာဏ်မရှိလျှင် ပြည်သားတို့သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင်မူကား၊ ဘေးလွတ်တတ်၏။
ဉာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့တတ်၏။ ဉာဏ်ရှိသောသူမူကား၊ ဖြောင့်မတ်သောအကျင့်ကို ကျင့်တတ်၏။
လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်းမြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
အကြံရှိသောသူသည် သူတစ်ပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသောတိုင်ပင်ခြင်းရှိမှသာ စစ်မှုကိုပြုရမည်။
ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သောသူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။
လူကြံစည်သမျှအဖို့၊ ကာလအချိန်နှင့် စီရင်ရသောအခွင့်ရှိ၏။ သို့သော်လည်း၊ လူသည် အလွန်ဆင်းရဲခြင်းကို ခံရ၏။