Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 15:15

Judson Bible

ဆင်း​ရဲ​ငြို​ငြင်​သော​သူ၏ နေ့​ရက်​ရှိ​သ​မျှ​တို့​သည် ဆိုး​ယုတ်​ကြ၏။ ရွှင်​လန်း​သော စိတ်​နှ​လုံး​မူ​ကား၊ အ​စဉ်​အ​မြဲ ခံ​ရ​သော​ပွဲ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သား​သ​မီး​အ​ပေါင်း​တို့​သည်၊ အ​ဘ​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ကြိုး​စား​သော်​လည်း၊ သူ​သည် နှစ်​သိမ့်​စေ​သော​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ ငါ့​သား​ရှိ​ရာ မ​ရ​ဏ​နိုင်​ငံ​သို့ စိတ်​မ​သာ​ညည်း​တွား​လျက် ဆင်း​သက်​တော့​မည်​ဟု​ဆို​လေ၏။ ထို​သို့​ယော​သပ်​အ​ဘ​သည် သား​ကြောင့်​ငို​ကြွေး​မြည်​တမ်း​လျက်​နေ​လေ​၏။

ကျွန်​တော်​သည်​ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၍ လွန်​သော​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ရှိ​ပါ​ပြီ။ ကျွန်​တော်​အ​သက်​ရှင်​သော​နှစ်​ပေါင်း​နည်း၍ ဆိုး​ပါ၏။ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​သော ဘိုး​ဘေး​တို့၏​အ​သက်​တန်း​ကို မ​မီ​ပါ​ဟု လျှောက်​ဆို​ပြီး​လျှင်၊

ရွှင်​လန်း​သော​စိတ်​နှ​လုံး​သည် ချို​သော​မျက်​နှာ​ကို ဖြစ်​စေ​တတ်၏။ ညှိုး​ငယ်​ခြင်း​အား​ဖြင့်​ကား၊ စိတ်​ပျက်​တတ်၏။

ဉာဏ်​ကောင်း​သော​သူ၏​စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​ကို ရှာ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​ခြင်း​ကို ကျက်​စား​တတ်၏။

နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၍ ကြီး​စွာ​သော​စည်း​စိမ်​ထက် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​နှင့်​ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည် သာ၍​ကောင်း၏။

ဉာဏ်​ပ​ညာ​ကို​ရ​သော​သူ​သည် အ​သက်​စမ်း​ရေ​တွင်း​ကို ရ၏။ မိုက်​သော​သူ​တို့၏ သွန်​သင်​ခြင်း​မူ​ကား၊ မိုက်​ခြင်း​ဖြစ်၏။

စိတ်​ရွှင်​လန်း​ခြင်း​သည် ကျန်း​မာ​စေ​တတ်၏။ စိတ်​ပျက်​ခြင်း​မူ​ကား၊ အ​ရိုး​တို့​ကို သွေ့​ခြောက်​စေ​တတ်၏။

သန်း​ခေါင်​အ​ချိန်၌ ပေါ​လု​နှင့် သိ​လ​တို့​သည် ပ​တ္ထ​နာ​ပြု၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် သီ​ချင်း​ဆို​လေ၏။ ထောင်​ထဲ​မှာ နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် နား​ထောင်​ကြ၏။-

မျှော်​လင့်​လျက် ဝမ်း​မြောက်​ကြ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ရောက်​သော​အ​ခါ သည်း​ခံ​ကြ​လော့။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု​ကြ​လော့။-

ထို​မျှ​မ​က၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရာ ကျေး​ဇူး​ကို ယ​ခု​ခံ​ပြီး​လျှင်၊ ထို​သ​ခင်​အား​ဖြင့် ဘု​ရား​သ​ခင်၌ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။

ငါ​တို့​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဟူ​မူ​ကား၊ လော​ကီ​ပ​ညာ​ကို အ​မှီ​မ​ပြု၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​မှီ​ပြု၍ လျစ်​လျူ​သော​စိတ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော ကြည်​ဖြူ​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​သည် ဤ​လော​က၌ ကျင့်​ကြံ​ပြု​မူ၍ သင်​တို့​ဆီ​မှာ​လည်း ထို​သို့​အ​ထူး​သ​ဖြင့် ကျင့်​ကြံ​ပြု​မူ​သည်​ဟု ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​သည် သက်​သေ​ခံ​သ​တည်း။-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ခ​ရစ်​တော်​ကြောင့် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​သည် အ​လွန်​များ​ပြား​သည်​နည်း​တူ၊ ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် ငါ​တို့​ခံ​ရ​သော သက်​သာ​ခြင်း​သည် အ​လွန်​များ​ပြား၏။-

ဝမ်း​နည်း​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​စဉ်​ဝမ်း​မြောက်​သော​သူ၊ ဆင်း​ရဲ​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ လူ​အ​များ​ကို ရ​တတ်​စေ​သော​သူ၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပိုင်​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​လုံး​စုံ​တို့​ကို​ပိုင်​သော​သူ ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သော ဓ​မ္မ​ဆ​ရာ​မှန်​ကြောင်း​ကို အ​ရာ​ရာ၌ ထင်​ရှား​စွာ​ပြ၏။

သင်​တို့​သည် ခ​ရစ်​တော်၏​ဆင်း​ရဲ​ကို ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ဘုန်း​တော်​ပေါ်​ထွန်း​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​မည်​အ​ကြောင်း၊ ယ​ခု​ပင် ဝမ်း​မြောက်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ