Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 15:13

Judson Bible

ရွှင်​လန်း​သော​စိတ်​နှ​လုံး​သည် ချို​သော​မျက်​နှာ​ကို ဖြစ်​စေ​တတ်၏။ ညှိုး​ငယ်​ခြင်း​အား​ဖြင့်​ကား၊ စိတ်​ပျက်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​ထက်​က တစ်​ခါ​မျှ ရှေ့​တော်၌ ညှိုး​ငယ်​သော​မျက်​နှာ​ကို မ​ပြ​ဖူး​သည်​ဖြစ်၍၊ ရှင်​ဘု​ရင်​က၊ ကျန်း​မာ​လျက်​နှင့် အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​သ​နည်း။ ဝမ်း​နည်း​ဟန် ရှိ​ပါ​သည်​တ​ကား​ဟု မိန့်​တော်​မူ​လျှင်၊

ဝမ်း​နည်း​ခြင်း​အ​ကြောင်း​သည် ညှိုး​ငယ်​စေ​တတ်၏။ ကောင်း​သော​စ​ကား​မူ​ကား၊ ရွှင်​လန်း​စေ​တတ်၏။

ကျန်း​မာ​သော​နှ​လုံး​သည် ကိုယ်​အ​သက်​ရှင်​စေ​သော​အ​ကြောင်း၊ ငြူ​စူ​သော​သ​ဘော​မူ​ကား၊ အ​ရိုး​ဆွေး​မြေ့​ခြင်း​အ​ကြောင်း ဖြစ်၏။

ဆင်း​ရဲ​ငြို​ငြင်​သော​သူ၏ နေ့​ရက်​ရှိ​သ​မျှ​တို့​သည် ဆိုး​ယုတ်​ကြ၏။ ရွှင်​လန်း​သော စိတ်​နှ​လုံး​မူ​ကား၊ အ​စဉ်​အ​မြဲ ခံ​ရ​သော​ပွဲ​ဖြစ်၏။

စိတ်​ရွှင်​လန်း​ခြင်း​သည် ကျန်း​မာ​စေ​တတ်၏။ စိတ်​ပျက်​ခြင်း​မူ​ကား၊ အ​ရိုး​တို့​ကို သွေ့​ခြောက်​စေ​တတ်၏။

လူ၏​စိတ်​ဝိ​ညာဉ်​သည် မိ​မိ​နာ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​နိုင်၏။ ကြေ​ကွဲ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ သည်း​ခံ​နိုင်​သ​နည်း။

တစ်​ဖန်​တုံ​ယေ​ရှု​က၊ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ ငါ့​ကို​လည်း ယုံ​ကြည်​ကြ​လော့။-

ငါ​တို့​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဟူ​မူ​ကား၊ လော​ကီ​ပ​ညာ​ကို အ​မှီ​မ​ပြု၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​မှီ​ပြု၍ လျစ်​လျူ​သော​စိတ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော ကြည်​ဖြူ​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​သည် ဤ​လော​က၌ ကျင့်​ကြံ​ပြု​မူ၍ သင်​တို့​ဆီ​မှာ​လည်း ထို​သို့​အ​ထူး​သ​ဖြင့် ကျင့်​ကြံ​ပြု​မူ​သည်​ဟု ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​သည် သက်​သေ​ခံ​သ​တည်း။-

သို့​ဖြစ်၍ ထို​သို့​သော​သူ​သည် ဝမ်း​နည်း​ခြင်း အား​ကြီး​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ခြား​နား​သော​အား​ဖြင့် သူ၏​အ​ပြစ်​ကို လွှတ်၍ သူ့​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ပြု​သင့်၏။-

အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​ညီ​သော ဝမ်း​နည်း​ခြင်း​သည် ကယ်​တင်​ခြင်း​နှင့်​ယှဉ်​သော နောင်​တ​စိတ် တည်း​ဟူ​သော၊ မ​ပြောင်း​လဲ​နိုင်​သော နောင်​တ​စိတ်​ကို ပြု​ပြင်​တတ်၏။ လော​ကီ ဝမ်း​နည်း​ခြင်း​မူ​ကား၊ သေ​ခြင်း​ကို​ပြု​ပြင်​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ