Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 14:8

Judson Bible

ပ​ညာ​သ​တိ​ရှိ​သော သူ၏​ပ​ညာ​ကား၊ ကိုယ်​သွား​ရ​သော​လမ်း​ကို သိ​ခြင်း​တည်း။ မိုက်​သော​သူ၏​မိုက်​ခြင်း​မူ​ကား၊ ပ​ရိ​ယာယ်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​သ​မျှ​သော​သူ​တို့​သည် ကောင်း​သော​ဉာဏ်​ရှိ​ကြ၏။ ဂုဏ်​အ​သ​ရေ​တော်​သည် အ​စဉ်​အ​မြဲ တည်​သ​တည်း။

ကိုယ်​တော်၏​အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် လမ်း​ဖြောင့်​ပါ​စေ​သော။

ကိုယ်​တော်၏​လက်​တို့​သည် အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ ပုံ​သ​ဏ္ဌာန်​ကို ပေး​တော်​မူ​ပြီ။ ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​သင်​နိုင်​သော ဉာဏ်​နှင့် ပြည့်​စုံ​စေ​တော်​မူ​ပါ။

က​ရု​ဏာ​တော်​စ​ကား​သံ​ကို အ​လျင်​အ​မြန် ကြား​စေ​တော်​မူ​ပါ။ ကိုယ်​တော်၌ ကိုး​စား​ပါ၏။ ကိုယ်​သွား​ရ​မည်​လမ်း​ကို သိ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​တ​သ​ပါ၏။

မ​တ​ရား​သော​သူ​ပြု​သော​အ​မှု​သည် အ​မြဲ​မ​တည်​တတ်။ ဖြောင့်​မတ်​ခြင်း​တ​ရား​မျိုး​စေ့​ကို ကြဲ​သော​သူ​မူ​ကား၊ မြဲ​မြံ​သော အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ၏​အ​ကြံ​သည် ဖြောင့်၏။ မ​တ​ရား​သော​သူ​ပေး​သော အ​ကြံ​မူ​ကား မု​သား​ဖြစ်၏။

ဉာဏ်​မ​ရှိ​သော​သူ​သည် မိုက်​ခြင်း၌ ပျော်​မွေ့​တတ်၏။ ဉာဏ်​ရှိ​သော​သူ​မူ​ကား၊ ဖြောင့်​မတ်​သော​အ​ကျင့်​ကို ကျင့်​တတ်၏။

ကျေး​ဇူး​တော်​ကြောင့် သင်​သည် ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ ဆုံး​ဖြတ်​ခြင်း​မှ​စ၍၊ ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို သိ​နား​လည်​လိမ့်​မည်။

ငါ​သည် ဖြောင့်​မတ်​ခြင်း​လမ်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​လမ်း​အ​လယ်၌ လျှောက်​သွား​သည်​ဖြစ်၍၊

သို့​ရာ​တွင်၊ အ​လင်း​သည် မှောင်​မိုက်​ထက်​မြတ်​သ​ကဲ့​သို့၊ ပ​ညာ​သည် မိုက်​မဲ​ခြင်း​ထက် မြတ်​သည်​ကို ငါ​သိ​မြင်၏။

ယ​ခု​ဖြစ်​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို နောင်​ကာ​လ၌ မေ့​လျော့​လိမ့်​မည်​ဖြစ်၍၊ မိုက်​သော​သူ​သည် အ​စဉ်​မ​အောက်​မေ့​သ​ကဲ့​သို့၊ ပ​ညာ​ရှိ​သော​သူ​ကို​လည်း အ​စဉ်​မ​အောက်​မေ့​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​သေ​သ​ကဲ့​သို့ သေ​တတ်​ပါ​သည်​တ​ကား။

မြောက်​မျက်​နှာ​က​လာ​သော သူ​တို့​ကို​မျှော်၍​ကြည့်​လော့။ သင့်​အား ငါ​ပေး​သော​သိုး​စု၊ လှ​သော​သိုး​စု​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။

အ​ကြောင်း​မူ​ကား၊ လော​ကီ​ပ​ညာ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ မိုက်​မဲ​ခြင်း​ဖြစ်၏။ ကျမ်း​စာ​လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို သူ​တို့၏ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏​ဟု လာ​သ​တည်း။-

ထို​ကြောင့် သ​တိ​မ​ရှိ​သော​သူ​မ​ဖြစ်၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​ရှိ​ရာ​ကို ပိုင်း​ခြား၍ သိ​သော​သူ ဖြစ်​ကြ​လော့။-

ဆိုး​ညစ်​သော​သူ၊ လှည့်​ဖြား​သော​သူ​တို့​မူ​ကား၊ သူ​တစ်​ပါး​ကို​လည်း​ကောင်း၊ ကိုယ်​ကို​လည်း​ကောင်း လှည့်​ဖြား၍ ဆိုး​ညစ်​ခြင်း၌ တ​ရွေ့​ရွေ့ တိုး​ပွား​ကြ​လိမ့်​မည်။

သင်​တို့​တွင် အ​တတ်​အ​လိ​မ္မာ​နှင့်​ပြည့်​စုံ​သော ပ​ညာ​ရှိ တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်၊ ထို​သူ​သည် ပ​ညာ၏ နူး​ညံ့​သိမ်​မွေ့​ခြင်း​နှင့်​တ​ကွ၊ ကောင်း​မြတ်​သော ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် မိ​မိ​အ​မှု​တို့​ကို ပြ​ပါ​စေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ