Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 14:26

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် အား​ကြီး​သော ကိုး​စား​ရာ​အ​ခွင့်​ကို ဖြစ်​စေ​တတ်၏။ သား​တော်​တို့​သည်​လည်း၊ ခို​လှုံ​ရာ​အ​ရပ်​ကို ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​လည်း ကျွန်ုပ်​အ​ဘ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ ဣ​ဇာက်၏​ကြောက်​ရွံ့​ရာ​ဘု​ရား​သည် ကျွန်ုပ်​ဘက်၌​မ​ရှိ​လျှင်၊ သင်​သည် ကျွန်ုပ်​ကို ဧ​ကန်​အ​မှန်​လက်​ချည်း လွှတ်​လိုက်​လိမ့်​မည်​တ​ကား။ အ​ကယ်​စင်​စစ် ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​ခြင်း၊ ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​ခြင်း​ကို ဘု​ရား​သ​ခင်​မြင်၍၊ မ​နေ့​ည​မှာ သင့်​ကို​ဆုံး​မ​တော်​မူ​ပြီ​ဟု ဆို​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့၌ အ​လွန်​မွေ့​လျော်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သေ​ခံ​ရာ​ကျော့​ကွင်း​တို့​မှ လွှဲ​ရှောင်​ရာ အ​သက်​စမ်း​ရေ​တွင်း​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ပြေး​ဝင်​သ​ဖြင့်၊ လုံ​ခြုံ​စွာ​နေ​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​နှင့် ဆိုင်​သည်​ဖြစ်၍ ထို​သ​ဘော​ရှိ​သော​သူ​သည် အ​လို​ဆ​န္ဒ​ပြည့်​စုံ​လျက်​ရှိ၍၊ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်၍၊ သူ၏​သား​စဉ်​မြေး​ဆက်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ဤ​စ​ကား​ကို စွဲ​လန်း​ကောင်း၏။ လက်​မ​လွှတ်​နှင့်။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​သည် ခပ်​သိမ်း​သော​အ​မှု​ထဲ​က ထွက်​မြောက်​လိမ့်​မည်။

ဉာဏ်​နှင့် ပ​ညာ​သည် သင်၏​လက်​ထက်၌ တည်​ကြည်​ခြင်း၊ မြဲ​မြံ​စွာ ကယ်​တင်​ခြင်း​ကို ဖြစ်​စေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သ​ဘော​သည်​လည်း သင်၏​ဘ​ဏ္ဍာ ဖြစ်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင့်​ကို ငါ​ချမ်း​သာ​ပေး​မည်။ အ​မှု​ရောက်​သော​ကာ​လ၊ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော ကာ​လ၌၊ ရန်​သူ​သည် သင့်​ထံ​မှာ​တောင်း​ပန်​မည်​အ​ကြောင်း၊ အ​ကယ်​စင်​စစ် ငါ​စီ​ရင်​မည်။

ငါ၏​နာ​မ​တော်​ကို ကြောက်​ရွံ့​သော​သင်​တို့၌​ကား၊ တ​ရား​တော်​နေ​မင်း​သည် အ​နာ​ပျောက်​စေ​သော အ​တောင်​တို့​နှင့် ပေါ်​ထွန်း​တော်​မူ​မည်။ သင်​တို့​သည် ထွက်​သွား၍ တင်း​ကုပ်၌ နွား​သ​ငယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။

ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ