ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။
သူသည် စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အားပေးကမ်းပြီ။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ်၏။ သူ၏ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့်ခြင်းရှိလိမ့်မည်။
ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။
စည်းစိမ်သည် ရတတ်သောသူ၏ အသက်ကို ရွေးဖို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သောစကားကို မကြားဘဲနေ၏။
ကြိုးစား၍ လုပ်လေရာရာ၌ ကျေးဇူးရှိ၏။ စကားများခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။
ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဖွယ်သောဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေတတ်၏။
မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်းသော်လည်း၊ မိုက်သောသဘော မထွက်တတ်။
ဉာဏ်နှင့် ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည်လည်း သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။
တစ်ဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေသောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌ သင်တို့ကို လက်ခံလတ္တံ့သော အဆွေရှိစေခြင်းငှာ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။