Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 14:19

Judson Bible

လူ​ဆိုး​တို့​သည် သူ​တော်​ကောင်း​ရှေ့၌​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့​သည် ဖြောင့်​မတ်​သော​သူ၏ အိမ်​တံ​ခါး​ဝ၌​လည်း​ကောင်း ဦး​ချ​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။

သူ​တို့​က၊ ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​တို့​အ​ဘ​သည် ကျန်း​မာ​ပါ​၏၊ အ​သက်​ရှင်​ပါ​သေး​၏​ဟု​လျှောက်​လျက်၊ ဦး​ညွှတ်​ချ၍ ရှိ​ခိုး​လျက်​နေ​ကြ​၏။

ယော​ရှ​ဖတ်​က၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် သူ၌​ရှိ​တော်​မူ​သည်​ဟု ဆို​လျက်၊ ရှင်​ဘု​ရင်​သုံး​ပါး​တို့​သည် ဧ​လိ​ရှဲ​ထံ​သို့​သွား​ကြ၏။

ထို​သူ​တို့​ကို သိုး​များ​ကဲ့​သို့ မ​ရ​ဏ​နိုင်​ငံ၌​ချ​ထား၍ သေ​မင်း​စား​လိမ့်​မည်။ ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြောင့်​မတ်​သော​သူ​တို့​သည် အုပ်​စိုး​ရ​ကြ​လိမ့်​မည်။ သူ​တို့၏​ကိုယ်​ခ​န္ဓာ​သည် ဖောက်​ပြန်​ဖို့​ရာ​ဖြစ်၏။ မ​ရ​ဏနိုင်​ငံ​သည် သူ​တို့၏​နေ​ရာ​ဖြစ်၏။

ကိုယ်​တော်၏​ကျွန်​ဖြစ်​သော ဤ​လူ​အ​ပေါင်း​တို့​သည်​လည်း ကျွန်ုပ်​ထံ​သို့​လာ၍ ပျပ်​ဝပ်​လျက် ထွက်​သွား​ပါ။ ကိုယ်​တော်​နှင့် ကိုယ်​တော်​နောက်၌​လိုက်​သော လူ​အ​ပေါင်း​တို့ ထွက်​သွား​ကြ​ပါ​ဟု ပြော​ဆို​ပြီး​မှ ကျွန်ုပ်​ထွက်​သွား​ပါ​မည်​ဟု လျှောက်​ဆို​သ​ဖြင့်၊ အ​မျက်​ထွက်၍ ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​သွား​လေ၏။

ထို​အ​ခါ​ဖာ​ရော​မင်း​သည်၊ မော​ရှေ​နှင့်​အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖား​တို့​ကို​ငါ​နှင့် ငါ့​လူ​တို့​ထံ​မှ​ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လော့။ ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်​ဟု​ဆို၏။

မိ​မိ​အိမ်​ကို​နှောင့်​ယှက်​သော​သူ​သည် လေ​ကို​အ​မွေ​ခံ​ရ​လိမ့်​မည်။ မိုက်​သော​သူ​သည်​လည်း၊ လိ​မ္မာ​သော​သူ​ထံ၌ ကျွန်​ခံ​ရ​လိမ့်​မည်။

ဉာဏ်​တိမ်​သော​သူ​သည် မိုက်​ခြင်း​ကို အ​မွေ​ခံ​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ သိ​ပ္ပံ​သ​ရ​ဖူ​ကို ဆောင်း​တတ်၏။

သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့၏​သား​တို့​သည် သင့်​ထံ​သို့​လာ၍ ဦး​ချ​ကြ​လိမ့်​မည်။ သင့်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ အ​ပေါင်း​တို့​သည် သင်၏​ခြေ​ရင်း၌ ဝပ်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ဇိ​အုန်​မြို့​ဟူ၍၊ သင့်​ကို သ​မုတ်​ကြ​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့​ကို​လည်း နင်း​ကြ​လိမ့်​မည်။ ထို​သို့ ငါ​စီ​ရင်​သော နေ့​ရက်၌ သူ​တို့​သည် သင်​တို့ ခြေ​ဖ​ဝါး​အောက်၌ မြေ​မှုန့်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကိုယ်​တိုင်​လာ​ပြီး​လျှင် ချော့​မော့​သော​စ​ကား​နှင့် သူ​တို့​ကို နုတ်​ယူ၍၊ ထို​မြို့​မှ ထွက်​သွား​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-

ငါ၏​နာ​မ​ကို​လည်း မ​စွန့်​မ​ပယ်။ ယု​ဒ​လူ ဖြစ်​ယောင်​ဆောင်၍ အ​မှန်​မ​ဟုတ်​ဘဲ၊ မု​သား​စ​ကား​ကို ပြော​သော​သူ​တည်း​ဟူ​သော၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဝင်​သူ အ​ချို့​တို့​ကို သင်၌​ငါ​အပ်​ပေး​မည်။ သူ​တို့​သည်​လာ၍ သင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ချစ်​သည်​ဟု သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။-

သင်၏​အ​မျိုး၌ ကျန်​ကြွင်း​သော​သူ​တိုင်း သူ့​ထံ​သို့​လာ၍၊ ကျွန်​တော်​သည် မုန့်​အ​နည်း​ငယ်​ကို စား​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့်​ဆိုင်​သော အ​မှု​တစ်​စုံ​တစ်​ခု၌ ကျွန်​တော်​ကို စေ​ခိုင်း​ပါ​လော့​ဟု ငွေ​စ၊ မုန့်​စ​ကို​ရ​လို​သော​ငှာ၊ ရှိ​ခိုး​လျက် တောင်း​ပန်​လိမ့်​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ