ဆင်းရဲသား လယ်လုပ်ခြင်းအားဖြင့် စားစရာပွားများ၏။ သို့ရာတွင်၊ မတရားသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်တတ်၏။
ကရုဏာစိတ်ရှိ၍ ချေးငှားတတ်သောသူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။
မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဉာဏ်ချို့တဲ့၏။
လူသည် မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ၏။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်းခံရ၏။
သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သောသူသည် ဂုဏ်အသရေကိုရတတ်၏။
လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။
မြေကြီးကဖြစ်သော စီးပွားသည် အလုံးစုံတို့အဖို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ကျေးဇူးကို ခံရ၏။
လယ်မလုပ် မျိုးစေ့မကြဲနိုင်အောင် ရေမပြတ်သောချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွားလည်ပင်းကို ဖြတ်ပြီးမှ၊