Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 12:7

Judson Bible

မ​တ​ရား​သော​သူ၏​အိမ်​သည် ပြို​လဲ​ပျောက်​ပျက်​ခြင်း၊ ဖြောင့်​မတ်​သော​သူ၏​အိမ်​မူ​ကား၊ အ​မြဲ​တည်​ခြင်း ရှိ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သင်၏​အ​မျိုး​အ​နွယ်​နှင့်၊ သင်၏​နိုင်​ငံ​သည် ငါ့​ရှေ့​မှာ အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ သင်၏​ရာ​ဇ​ပ​လ္လင်​သည်​လည်း အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်​ဟု ငါ့​ကျွန်​ဒါ​ဝိဒ်​အား​ပြော​လော့​ဟု မိန့်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​စိုး​ရ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟူ၍ နာ​မ​တော်​သည် အ​စဉ်​အ​မြဲ ချီး​မြှောက်​ခြင်း​ရှိ​ပါ​စေ​သော။ ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်၏​အ​မျိုး​အ​နွယ်​သည် ရှေ့​တော်၌​တည်​ပါ​စေ​သော။

ရှင်​ဘု​ရင်​မိန့်​တော်​မူ၍ ရှု​ရှန်​နန်း​တော်၌ အ​မိန့်​တော်​ကို ထုတ်​ပြီး​မှ၊ ဟာ​မန်​သား​တစ်​ကျိပ်​ကို ဆွဲ​ထား​ကြ၏။

ဆိုး​သော​သူ​တို့၏​မျက်​စိ​သည် အား​လျော့​လိမ့်​မည်။ သူ​တို့​သည် ပြေး၍​မ​လွတ်​ရ​ကြ။ သူ​တို့ မျှော်​လင့်​စ​ရာ​အ​ကြောင်း​သည် အ​ခိုး​အ​ငွေ့​သက်​သက် ဖြစ်​သည်​ဟု မြွက်​ဆို၏။

သို့​ဖြစ်၍ သူ​တို့​ပြု​သ​မျှ​ကို သိ​တော်​မူ​သ​ဖြင့်၊ ည​မှောင်​မိုက်​ကို ရောက်​စေ၍ ဖျက်​ဆီး​တော်​မူ၏။

ခ​ဏ​ကြာ​ပြီး​မှ၊ မ​တ​ရား​သော​သူ​သည် မ​ရှိ​ရ။ သူ၏​နေ​ရာ​ကို စေ့​စေ့​ရှာ၍​မ​တွေ့​ရ။

မ​တ​ရား​သော​သူ​သည် လွန်​သွား​သော လေ​ပွေ​ကဲ့​သို့ ပျောက်​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ မြဲ​မြံ​သော တိုက်​မြစ်​ဖြစ်၏။

လူ​ဆိုး​တို့​သည် အ​သင်း​ဖွဲ့​သော်​လည်း၊ အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ​ကြ။ ဖြောင့်​မတ်​သော​သူ​တို့၏ အ​မျိုး​အ​နွယ်​မူ​ကား လွတ်​ရ၏။

လူ​သည် ဉာဏ်​ပ​ညာ​ရှိ​သည်​အ​တိုင်း ချီး​မွမ်း​ခြင်း​ကို​ခံ​ရ၏။ သ​ဘော​ကောက်​သော​သူ​မူ​ကား၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ၏။

ပ​ညာ​ရှိ​သော​မိန်း​မ​သည် မိ​မိ​အိမ်​ကို တည်​ဆောက်​တတ်၏။ မိုက်​သော​မိန်း​မ​မူ​ကား၊ ကိုယ်​လက်​နှင့် ဖြို​ဖျက်​တတ်၏။

မ​တ​ရား​သော​သူ၏​အိမ်​သည် ပြို​လဲ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​တဲ​မူ​ကား၊ ပွင့်​လန်း​တတ်၏။

မာ​န​ထောင်​လွှား​သော​သူ၏​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်။ မု​ဆိုး​မ​နေ​ရာ အ​ရပ်​ကို​ကား၊ တည်​စေ​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ