Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 12:5

Judson Bible

ဖြောင့်​မတ်​သော​သူ၏​အ​ကြံ​သည် ဖြောင့်၏။ မ​တ​ရား​သော​သူ​ပေး​သော အ​ကြံ​မူ​ကား မု​သား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ပေး​တော်​မူ​သော ဩ​ဝါ​ဒ​ကို​ဆင်​ခြင်၍ လမ်း​ခ​ရီး​တော်​တို့​ကို ကြည့်​ရှု​ပါ၏။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို​စစ်​ကြော၍၊ အ​ကျွန်ုပ်၏​နှ​လုံး​ကို သိ​မှတ်​တော်​မူ​ပါ။ စုံ​စမ်း၍ စိတ်​အ​ထင်​များ​ကို​လည်း သိ​မှတ်​တော်​မူ​ပါ။

ဖြောင့်​မတ်​သော​သူ​သည် မြတ်​သော​အ​ရာ​ကို​သာ တောင့်​တ​တတ်၏။ မ​တ​ရား​သော​သူ မျှော်​လင့်​သော​အ​ရာ​မူ​ကား၊ ဒေါ​သ​အ​မျက်​နှင့် ဆိုင်​သ​တည်း။

သီ​လ​ရှိ​သော​မိန်း​မ​သည် မိ​မိ​လင်၌ ဦး​ရစ်​သ​ရ​ဖူ​ဖြစ်၏။ အ​ရှက်​ခွဲ​တတ်​သော မိန်း​မ​မူ​ကား၊ လင်၏​အ​ရိုး​တို့၌ ဆွေး​မြေ့​ခြင်း​ကဲ့​သို့ ဖြစ်၏။

မ​တ​ရား​သော​သူ၏​စ​ကား​သည် သူ့​အ​သက်​ကို​သတ်​ခြင်း​ငှာ စောင်း​မြောင်း​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​နှုတ်​မူ​ကား၊ သူ​တစ်​ပါး​တို့​ကို ကယ်​နုတ်​တတ်၏။

ပ​ညာ​သ​တိ​ရှိ​သော သူ၏​ပ​ညာ​ကား၊ ကိုယ်​သွား​ရ​သော​လမ်း​ကို သိ​ခြင်း​တည်း။ မိုက်​သော​သူ၏​မိုက်​ခြင်း​မူ​ကား၊ ပ​ရိ​ယာယ်​တည်း။

မိုက်​သော​အ​ကြံ​အ​စည်၌ အ​ပြစ်​ပါ၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​လည်း၊ လူ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။

ဆိုး​သော​သူ​သည် မိ​မိ​လမ်း​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကြံ​တို့​ကို​လည်း​ကောင်း စွန့်​ပစ်၍၊ ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် သ​နား​တော်​မူ​လိမ့်​မည်။ ငါ​တို့ ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် အ​ထူး​သ​ဖြင့် အ​ပြစ်​ကို လွှတ်​တော်​မူ​လိမ့်​မည်။

အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး​ကို ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​စင်​စေ​လော့။ သင်၏ အ​ဓ​မ္မ​အ​ကြံ​အ​စည်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သင်၏​အ​ထဲ၌ တည်​နေ​ရ​မည်​နည်း။

သူ​တို့​သည် မိ​မိ​တို့​လျှာ​တည်း​ဟူ​သော လေး​ကို မု​သား​နှင့်​တင်​ကြ၏။ သ​စ္စာ​တ​ရား​ကို အ​မှီ​မ​ပြု​ဘဲ မြေ​ကြီး​ပေါ်​မှာ လူ​ကြီး​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် ဆိုး​သော​အ​မှု​အ​ပေါ်​မှာ ဆိုး​သော​အ​မှု​ကို ထပ်၍​ပြု​ကြ၏။ ငါ့​ကို​လည်း မ​သိ​မ​မှတ်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် လှည့်​စား​ကြ​လိမ့်​မည်။ သ​စ္စာ​စ​ကား​ကို မ​ပြော​ဘဲ မု​သား​စ​ကား​ကို ပြော​ခြင်း​ငှာ မိ​မိ​တို့​လျှာ​ကို သွန်​သင်​ကြ​ပြီ။ မ​တ​ရား​သော​အ​မှု​ကို ပြု​သော​အား​ဖြင့် ကိုယ်​ကို​ကိုယ် ပင်​ပန်း​စေ​ကြ​ပြီ။

ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ​တို့ လှည့်​ဖြား​သည်​ကို​သိ​လျှင်၊ ပြင်း​စွာ​အ​မျက်​ထွက်၍ လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ မာ​ဂု​ပ​ညာ​ရှိ​တို့၌ စေ့​စေ့​မေး​မြန်း​ပြီး​သော ကြယ်၏​အ​ချိန်​ကာ​လ​ကို ထောက်၍၊ ဗက်​လင်​မြို့​မှ​စ​သော ကျေး​လက်​ရှိ​သ​မျှ​တို့၌ နှစ်​နှစ်​အ​ရွယ်​မှ​စ၍ ထို​အ​ရွယ်​အောက်​ယုတ်​သော သူ​ငယ်​ယောက်ျား​အ​ပေါင်း​တို့​ကို သတ်​စေ၏။-

ယေ​ရှု​ကို ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​အံ့​သော​ငှာ တိုင်​ပင်​ကြ၏။-

ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။

ဆိတ်​ကွယ်​ရာ​အ​ရပ်၌​ပြု​သော ရှက်​ဖွယ်​သော အ​မှု​များ​ကို​ပယ်​ကြ၏။ ပ​ရိ​ယာယ်​ကို​မ​သုံး၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိမ်​ဝှက်​မှောက်​လှန်​ခြင်း မ​ရှိ။ သ​မ္မာ​တ​ရား​ကို အ​တည့်​အ​လင်း ဖော်​ပြ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​အ​ပေါင်း​တို့၏ စိတ်​အ​ထင်​အ​တိုင်း ချီး​မွမ်း​ဖွယ်​သော အ​ကျင့်​ဓ​လေ့​ကို ကျင့်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ