Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 12:17

Judson Bible

မှန်​သော​စ​ကား​ကို ပြော​သော​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၊ မ​မှန်​သော​သက်​သေ​ကို​ခံ​သော​သူ​မူ​ကား၊ မု​သား​တ​ရား​ကို ပြ​သ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မိုက်​သော​သူ၏​အ​မျက်​ဒေါ​သ​သည် ချက်​ချင်း​ထင်​ရှား​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ ရှက်​စ​ရာ​အ​မှု​ကို ဖုံး​တတ်၏။

သန်​လျက်​နှင့်​ထိုး​သ​ကဲ့​သို့ စ​ကား​ပြော​တတ်​သော လူ​တစ်​ချို့​ရှိ၏။ ပ​ညာ​ရှိ​တို့၏​လျှာ​မူ​ကား အ​နာ​ကို​ပင် ပျောက်​စေ​တတ်၏။

မှန်​သော​သက်​သေ​သည် သူ့​အ​သက်​ကို ကယ်​တင်​တတ်၏။ မ​မှန်​သော​သက်​သေ​မူ​ကား၊ မု​သား​ကို သုံး​တတ်၏။

သ​စ္စာ​ရှိ​သော​သက်​သေ​သည် မု​သား​မ​သုံး​တတ်။ သ​စ္စာ​ပျက်​သော​သက်​သေ​မူ​ကား၊ မု​သား​ကို​သုံး​တတ်၏။

အ​ဓ​မ္မ​သက်​သေ​သည် တ​ရား​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ မ​တ​ရား​သော​သူ​သည်​လည်း၊ ဒု​စ​ရိုက်​ကို​စား၍ မျို​တတ်၏။

မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ​မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း ဒဏ်​နှင့်​မ​လွတ်​ရ။

မ​မှန်​သော​သက်​သေ​သည် ပျက်​တတ်၏။ ကိုယ်​တိုင်​ကြား​သော​သူ​မူ​ကား၊ တည်​ကြည်​စွာ ပြော​တတ်၏။

သင်၏​အိမ်​နီး​ချင်း​တစ်​ဖက်၌ အ​ကြောင်း​မ​ရှိ​ဘဲ သက်​သေ​မ​ခံ​နှင့်။ ကိုယ်​နှုတ်​နှင့် သူ​တစ်​ပါး​ကို မ​လှည့်​စား​နှင့်။

မု​သား​စ​ကား​ကို​ပြော၍ မ​မှန်​သော​သက်​သေ​တစ်​ပါး၊ အ​ပေါင်း​အ​ဖော်​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်​သော​သူ တစ်​ပါး​တည်း။

သင်​တို့ ကျင့်​ရ​မည်​အ​ကျင့်​ဟူ​မူ​ကား၊ သင်​တို့​ရှိ​သ​မျှ​သည် တစ်​ယောက်​နှင့် တစ်​ယောက် မှန်​သော​စ​ကား​ကို ပြော​ကြ​လော့။ မြို့​တံ​ခါး​ဝ​မှာ ဖြောင့်​မတ်​စွာ စီ​ရင်၍၊ တ​ရား​တွေ့​သည်​အ​မှု​ကို ငြိမ်း​စေ​ခြင်း​ငှာ ဆုံး​ဖြတ်​ကြ​လော့။

မ​ကောင်း​သော ကြံ​စည်​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ မ​မှန်​သော သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​ရာ​တို့​သည် နှ​လုံး​ထဲ​က ထွက်​လာ၍၊-

ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို​သတ်​ရ​မည်​အ​ကြောင်း မ​မှန်​သော​သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။-

မ​မှန်​သော သက်​သေ​ခံ​တို့​ကို​ခေါ်၍၊ ဤ​သူ​သည် သန့်​ရှင်း​သော​အ​ရပ် ဌာ​န​တော်​နှင့် ပ​ညတ်​တ​ရား​တော်​ကို လွန်​ကျူး၍ အ​စဉ်​မ​ပြတ် ပြော​ဆို​လျက်​နေ​ပါ၏။-

ခ​ရစ်​တော်၌ သင်​တို့​ကျင့်​သော အ​ကျင့်​ကောင်း​ကို ရှုတ်​ချ​သော​သူ​တို့​သည် ကဲ့​ရဲ့​ပြစ်​တင်​သော​အ​ခါ၊ ကိုယ်​တိုင် ရှက်​ကြောက်​ခြင်း​မ​ရှိ​မည်​အ​ကြောင်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​လျက် နေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ