Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 12:1

Judson Bible

နည်း​ဥ​ပ​ဒေ​ကို ခံ​ချင်​သော​သူ​သည် ပ​ညာ​အ​တတ်​ကို​နှစ်​သက်၏။ ဆုံး​မ​ခြင်း​ကို​မုန်း​သော​သူ​မူ​ကား၊ တိ​ရ​စ္ဆာန်​သ​ဘော​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ပေး​တော်​မူ​သော ဩ​ဝါ​ဒ​လမ်း​ကို အ​ကျွန်ုပ်​နား​လည်​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။

ဖြောင့်​မတ်​သော​သူ​သည် အ​ကျွန်ုပ်​ကို ဒဏ်​ခတ်​ပါ​စေ​သော၊ ကျေး​ဇူး​ရှိ​ပါ​လိမ့်​မည်။ ဆုံး​မ​ပါ​စေ​သော၊ အ​ကျွန်ုပ်​ဦး​ခေါင်း​ကို လိမ်း​သော​ဆီ​ဖြစ်​ပါ​လိမ့်​မည်။ ထပ်၍ ပြု​သော်​လည်း အ​ကျွန်ုပ်​မ​ငြင်း​ပါ။ ယ​ခု​မူ​ကား၊ သူ​တစ်​ပါး​ပြု​သော အ​ဓ​မ္မ​အ​မှု​တစ်​ဖက်၌ ဆု​တောင်း​ရ​ပါ၏။

သူ​သည် သင့်​ထံ​သို့ မ​ချဉ်း​ကပ်​သော​ကြောင့်၊ ပါး​စပ်​ကို ဇက်​ခွံ့၍၊ ဇက်​ကြိုး​နှင့် ဆွဲ​ရ​မည်။

ဆုံး​မ​သွန်​သင်​ခြင်း​ကို သင်​သည်​မုန်း၍ ငါ့​စ​ကား​ကို သင့်​နောက်၌ ပစ်​ထား​ပါ​သည်​တ​ကား။

တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော​သူ​မ​သိ၊ မိုက်​သော​သူ နား​မ​လည်​သော​အ​မှု​အ​ရာ​ဟူ​မူ​ကား၊

လိ​မ္မာ​သော​သူ​သည် ပ​ညတ်​တ​ရား​ကို​ခံ​တတ်၏။ စ​ကား​များ​သော​လူ​မိုက်​မူ​ကား​ဆုံး​ရှုံး​တတ်၏။

ဖြောင့်​မတ်​သော​သူ​သော်​လည်း မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​ဒဏ်​ကို​ခံ​ရ၏။ မ​တ​ရား​သော​သူ​နှင့် အ​ပြစ်​ထင်​ရှား​သော​သူ​ကို​မူ​ကား၊ အ​ဘယ်​ဆို​ဖွယ်​ရာ​ရှိ​သ​နည်း။

သူ​တော်​ကောင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မျက်​နှာ​ရ​တတ်၏။ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​သော​သူ​မူ​ကား၊ အ​ပြစ်​စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ၏။

လမ်း​လွှဲ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို နား​မ​ခံ​လို။ သို့​သော်​လည်း၊ အ​ပြစ်​တင်​ခြင်း​ကို​မုန်း​သော​သူ​သည် သေ​ရ​မည်။

သူ​တစ်​ပါး​များ​နှင့် မ​ရော​နှော​သော​သူ​သည် မိ​မိ​စေ​တ​နာ​အ​လို​ရှိ​သည်​အ​တိုင်း ရှာ​ဖွေ၍၊ ပ​ညာ​ရ​တ​နာ​အ​မျိုး​မျိုး​ကို စူး​စမ်း​မွှေ​နှောက်​တတ်၏။

အ​ကယ်​စင်​စစ် ငါ​သည် လူ​မ​ဟုတ်၊ တိ​ရ​စ္ဆာန်​ဖြစ်၏။ လူ​ဉာဏ်​နှင့် မ​ပြည့်​စုံ။

ငါ့​ကို​ချစ်​သော သူ​တို့​ကို ငါ​ချစ်၏။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော​သူ​တို့​သည် တွေ့​တတ်​ကြ၏။

သို့​ဖြစ်၍ ငါ့​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ငါ၏​လမ်း​များ​ကို စောင့်​ရှောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ငါ့​ကို​ပြစ်​မှား​သော​သူ​မူ​ကား၊ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ပြစ်​မှား၏။ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည် သေ​ခြင်း​ကို ချစ်​ကြ၏။

နွား​သော်​လည်း မိ​မိ​အ​ရှင်​ကို​သိ​၏။ မြည်း​သော်​လည်း မိ​မိ​သ​ခင်​၏​မြည်း​ဇောင်း​ကို​သိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ငါ့​ကို​မ​သိ​ကြ။ ငါ​၏​လူ​မျိုး​မူ​ကား၊ မ​ဆင်​ခြင်​တတ်​ပါ​တ​ကား။

ယဇ်​ပု​ရော​ဟိတ်​ကြည့်​ရှု၍၊ အ​ရေ၌​ထ​သော​အ​ဖု​နှင့်​တ​ကွ အ​မွေး​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​ဖု၌ အ​သား​စို​ရှိ​လျှင်​လည်း​ကောင်း၊

ပျက်​စီး​ခြင်း​သို့​ရောက်​သော သူ​တို့​တွင်၊ မ​တ​ရား​သော လှည့်​ဖြား​ခြင်း အ​မျိုး​မျိုး​နှင့်​လည်း​ကောင်း လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​အံ့​သော​ငှာ သ​မ္မာ​တ​ရား၌ မွေ့​လျော်​သော​စိတ်​ကို မ​ခံ​မ​ယူ​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ