Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 11:6

Judson Bible

ဖြောင့်​မတ်​သော​သူ​တို့၏ ဖြောင့်​မတ်​သော​သ​ဘော​သည် သူ​တို့​ကို ကယ်​တင်​တတ်၏။ လွန်​ကျူး​သော​သူ​တို့​မူ​ကား၊ မိ​မိ​တို့​အ​ဓ​မ္မ၌ ကျော့​မိ​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍၊ နောင်​ကာ​လ၌​ကျွန်ုပ်၏​အ​ခ​သည်၊ အ​ဘ​ရှေ့​သို့​ရောက်​သော​အ​ခါ၊ ကျွန်ုပ်၏​ဖြောင့်​မတ်​ခြင်း​သည် ကျွန်ုပ်​ကို​စောင့်​ရှောက်​ပါ​လိမ့်​မည်။ မ​ပြောက်​မ​ကျား​သော​ဆိတ်၊ မ​ညို​သော​သိုး​ရှိ​သ​မျှ​တို့​ကို၊ ကျွန်ုပ်​ခိုး​သော​အ​ကောင်​ဟူ၍ မှတ်​စေ​လော့​ဟု ဆို​လေ၏။

ကျွန်ုပ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို​ရှာ​ဖွေ​သည်​ဖြစ်၍၊ သင်၏​ဥ​စ္စာ​ပ​ရိ​ကံ တစ်​စုံ​တစ်​ခု​ကို​တွေ့​မိ​လျှင်၊ သင်၏​ညီ​အစ်​ကို၊ ကျွန်ုပ်​ညီ​အစ်​ကို​တို့​ရှေ့​တွင်၊ ဤ​အ​ရပ်၌​ထား​ပါ။ သူ​တို့​သည်၊ ငါ​တို့​နှစ်​ယောက်​စပ်​ကြား​မှာ​စီ​ရင်​ပါ​စေ။

တစ်​ဖန် သင်​သည် ကိုယ်​နှစ်​သက်​သည်​အ​တိုင်း ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၌ ပြု​ဖူး​သော ဒု​စ​ရိုက်​ရှိ​သ​မျှ​ကို သင်​သိ၏။ သင်၏​ဒု​စ​ရိုက်​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ခေါင်း​ပေါ်​သို့​ရောက်​စေ​တော်​မူ၏။

တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုယ်​တူး​သော​တွင်း​ထဲ​သို့ ကိုယ်​ကျ​ကြ၏။ ကိုယ်​ဝှက်​ထား​သော ကျော့​ကွင်း​ထဲ​မှာ ကိုယ်​ခြေ​တို့​သည် ကျော့​မိ​ကြ၏။

အ​ဓ​မ္မ​လူ​သည် မိ​မိ​နှုတ်​ဖြင့် မိ​မိ​အိမ်​နီး​ချင်း​ကို​ဖျက်​တတ်၏။ တ​ရား​သော​သူ​မူ​ကား၊ ပ​ညာ​အ​တတ်​အား​ဖြင့် အ​မှု​လွတ်​တတ်၏။

အ​ဓ​မ္မ​လူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ဖြင့်​ဖမ်း​မိ​ခြင်း၊ မိ​မိ​အ​ပြစ်​ကြိုး​တို့​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

တွင်း​ကို တူး​သော​သူ​သည် ထို​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ ခြံ​ကို​ဖျက်​သော​သူ​သည် မြွေ​ကိုက်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ဣ​သ​ရေ​လ​လူ​တို့​သည် လှည့်၍​ပြန်​သော​အ​ခါ၊ ဗင်္ယာ​မိန်​လူ​တို့​သည် ဘေး​ရောက်​ကြောင်း​ကို သိ​မြင်​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ