သုတ္တံကျမ်း။ 11:4Judson Bibleအမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ်၏။ အခန်းကိုကြည့်ပါ။ |
သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကို ညစ်ညူးသောအရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရား အမျက်ထွက်တော်မူသောကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှာ မတတ်နိုင်။ သူတို့ အလိုဆန္ဒကို မဖြေနိုင်။ ဝစွာ မကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍ မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။
ထိုမှတစ်ပါး၊ လူတစ်ယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတစ်ယောက်သော သူအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကိုလည်းကောင်း ခံရသောသူတို့သည် တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍စိုးစံရကြလတ္တံ့။-