မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့်မည်။ ဖြောင့်မတ်သောသူမူကား၊ သစ်ခက်ကဲ့သို့ စိမ်းလန်းလိမ့်မည်။
အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။
ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍၊ ကိုယ်စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း၊
ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့်။ အနိုင်အထက်လုယူ၍ မဝါကြွားကြနှင့်။ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့်။
ငွေရတတ်သောသူ၏စည်းစိမ်သည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်၍၊ ပြည်တော်ကို အစဉ်အမြဲ အမွေခံသဖြင့်၊ ငါ၏ဘုန်းပွင့်စေခြင်းငှာ၊ ငါ့ကိုယ်တိုင်စိုက်၍ ပြုစုသောပျိုးပင် ဖြစ်ရကြလိမ့်မည်။
ထိုသူသည်ကား၊ ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကိုသီးတတ်သော အပင်နှင့်တူ၏။
ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။-
ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်အကြောင်းနှင့်၊-