Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 11:19

Judson Bible

ဖြောင့်​မတ်​ခြင်း​တ​ရား​သည် အ​သက်​ရှင်​ခြင်း​နှင့် ဆိုင်​သ​ကဲ့​သို့၊ ဒု​စ​ရိုက်​ကို လိုက်​ရှာ​သော​သူ​သည်​လည်း၊ မိ​မိ​သေ​ခြင်း​တိုင်​အောင် လိုက်​ရှာ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဧ​ကြုန်​မြို့၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ်၌ မေး​မြန်း​ခြင်း​ငှာ အ​ဘယ်​ကြောင့် သံ​တ​မန်​တို့​ကို​စေ​လွှတ်​သ​နည်း။ မေး​မြန်း​စ​ရာ​ဖို့ ဣ​သ​ရေ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့် ထို​သို့​ပြု​သ​လော။ သို့​ဖြစ်၍ သင်​သည် ယ​ခု​တက်​သော သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ။ စင်​စစ်​သေ​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ယ​ခု​တက်​သော​သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ၊ စင်​စစ်​သေ​ရ​မည်​ဟု သူ​တို့​အား​ဆင့်​ဆို​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဧ​လိ​ယ​သွား​လေ၏။

ဖြောင့်​မတ်​သော​သူ၏​အ​လုပ်​အ​ကိုင်​သည် အ​သက်​နှင့်​လည်း​ကောင်း၊ မ​တ​ရား​သော​သူ၏​အ​ကျိုး​စီး​ပွား​သည် အ​ပြစ်​နှင့်​လည်း​ကောင်း​ယှဉ်၏။

အ​မျက်​ဒေါ​သ​ထွက်​သော​ကာ​လ၌ စည်း​စိမ်​ဥ​စ္စာ​သည် အ​ကျိုး​မ​ပေး​နိုင်။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။

ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း၌ သေ​ဘေး​မ​ရှိ၊ အ​သက်​ချမ်း​သာ​လမ်း​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​နှင့် ဆိုင်​သည်​ဖြစ်၍ ထို​သ​ဘော​ရှိ​သော​သူ​သည် အ​လို​ဆ​န္ဒ​ပြည့်​စုံ​လျက်​ရှိ၍၊ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​လိမ့်​မည်။

ဉာဏ်​ပ​ညာ​လမ်း​မှ လွှဲ​သွား​သော​သူ​သည် သင်္ချိုင်း​သား​အ​စု​အ​ဝေး၌ နေ​ရာ​ကျ​လိမ့်​မည်။

ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် က​ရု​ဏာ​တ​ရား​ကို​ရှာ​သော​သူ​သည် အ​သက်​ရှင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ ဂုဏ်​အ​သ​ရေ​ထင်​ရှား​ခြင်း​ကို တွေ့​တတ်၏။

ငါ့​ကို​ပြစ်​မှား​သော​သူ​မူ​ကား၊ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ပြစ်​မှား၏။ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည် သေ​ခြင်း​ကို ချစ်​ကြ၏။

လူ​အ​မျိုး​မျိုး​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ တ​ရား​သ​ဖြင့် ကျင့်​ဆောင်​သော​သူ​သည် အ​ထံ​တော်၌ မျက်​နှာ​ရ​သည်​ကို ငါ​သိ​မြင်၏။-

အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​ကို သင်​သည် အ​သက်​ရှင်၍ အ​မွေ​ခံ​မည်​အ​ကြောင်း၊ ဖြောင့်​သော​တ​ရား​လမ်း​သို့​သာ လိုက်​ရ​မည်။

တပ်​မက်​သော​စိတ်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဒု​စ​ရိုက်​ကို​ဖွား​တတ်၏။ ဒု​စ​ရိုက်​သည်​လည်း ပြည့်​စုံ​လျှင် သေ​ခြင်း​ကို ဖွား​တတ်၏။-

ထို​သို့​သော​လ​က္ခ​ဏာ​အား​ဖြင့် ဘု​ရား​သ​ခင်၏​သား​တို့​နှင့် မာရ်​နတ်၏​သား​တို့​သည် ထင်​ရှား​ကြ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ကျင့်​သော​သူ၊ မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​မ​ဆိုင်။

ချစ်​သား​တို့၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​နှင့်။ အ​ကြင်​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်၏။ ကိုယ်​တော် ဖြောင့်​မတ်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​သည် ဖြောင့်​မတ်​ခြင်း​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ