Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 11:16

Judson Bible

နှစ်​သက်​ဖွယ်​သော မိန်း​မ​သည် ဂုဏ်​အ​သ​ရေ​ကို​လည်း​ကောင်း၊ ခွန်​အား​ကြီး​သော ယောက်ျား​သည် စည်း​စိမ်​ကို​လည်း​ကောင်း​ရ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဧ​သ​တာ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​ဝင်၍ ယု​ဒ​လူ​တို့​တစ်​ဖက်၌ ဟာ​မန်​ကြံ​စည်​သော အ​ဓ​မ္မ​အ​ကြံ​ကို သူ၏​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​မည်​အ​ကြောင်း၊ သူ​နှင့်​သူ၏​သား​တို့​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ဆွဲ​ထား​စေ​မည် အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို ပေး​တော်​မူ​သည်​ဖြစ်၍​လည်း​ကောင်း၊

သူ၏​သား​သ​မီး​တို့​သည်​ထ၍၊ အ​မိ​ကို ကောင်း​ချီး​ပေး​တတ်​ကြ၏။ သူ၏​ခင်​ပွန်း​က​လည်း၊

မြို့​သား​တို့​သည် တ​ရား​သော​အ​မှု​ကို မ​ပြု​တတ်၊ အ​နိုင်​အ​ထက်​ပြု၍ လု​ယူ​သော​ဥ​စ္စာ​ကို ဘုံ​ဗိ​မာန်​တို့၌ သို​ထား​တတ်​ကြ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အာ​ဇုတ်​မြို့ ဘုံ​ဗိ​မာန်​တို့​နှင့် အဲ​ဂု​တ္တု​ပြည်​ဘုံ​ဗိ​မာန်​တို့​တွင် သ​တင်း​ကြား​ပြော​ရ​မည်​မှာ၊ ရှ​မာ​ရိ​တောင်​တို့ အ​ပေါ်​မှာ​စု​ဝေး၍၊ ရှ​မာ​ရိ​မြို့​ထဲ​မှာ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ မြို့​ထဲ​မှာ ညှဉ်း​ဆဲ​ခံ​ရ​သော သူ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ကြ​လော့။

ငါ​အ​မှန်​ဆို​သည်​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မြေ​တစ်​ပြင်​လုံး​တွင် ဟော​သော​အ​ရပ်​ရပ်​တို့၌ ဤ​မိန်း​မ​ကို အောက်​မေ့​စ​ရာ​ဖို့ သူ​ပြု​သော​ဤ​အ​မှု​ကို ကြား​ပြော​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

မာ​ရိ​မူ​ကား၊ ကောင်း​သော​အ​ဖို့​ကို ရွေး​ယူ​ပြီ။ ထို​အ​ဖို့​ကို အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ​ရာ​ဟု မိန့်​တော်​မူ၏။

ဟေ​ရုဒ်​မင်း၏​စား​တော်​ကဲ ခု​ဇ၏​မ​ယား​ယော​ဟ​န္န​နှင့် ရှု​ရှ​န္န​မှ​စ၍ မိ​မိ​ဥ​စ္စာ​ကို​လှူ၍ ကိုယ်​တော်​ကို လုပ်​ကျွေး​သော အ​ခြား​မိန်း​မ​အ​များ ပါ​ကြ၏။

ပေ​တ​ရု​သည် ထ၍​ထို​သူ​တို့​နှင့် အ​တူ​လိုက်​လေ၏။ ရောက်​လျှင် အ​ထက်​ခန်း​သို့​ခေါ်​ပင့်၍ မု​ဆိုး​မ​များ​တို့​သည် ငို​ကြွေး​လျက်၊ သူ​တို့​နှင့်​အ​တူ ဒေါ်​ကာ​ရှိ​စဉ်​အ​ခါ​လုပ်​ခဲ့​သော​အင်္ကျီ​နှင့် အ​ဝတ်​များ​ကို ပြ​လျက်​ရှိ​ကြ၏။-

ငါ​တို့​အ​မှု​ကို ကြိုး​စား၍ ဆောင်​ရွက်​သော မာ​ရိ​ကို နှုတ်​ဆက်​ကြ​လော့။-

အ​သက်​ကြီး​သူ​သည် မြတ်​သော သ​ခင်​မ​ကို​လည်း​ကောင်း၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း ကြား​လိုက်​ပါ၏။ ငါ​တို့၌​တည်၍ ငါ​တို့​တွင် အ​စဉ်​မ​ပြတ်​ရှိ​လ​တ္တံ့​သော သ​မ္မာ​တ​ရား​ကြောင့်၊ ငါ​မှ​စ၍ သ​မ္မာ​တ​ရား​ကို သိ​သော​သူ​အ​ပေါင်း​တို့​သည်၊ သ​ခင်​မ​နှင့် သား​သ​မီး​တို့၌ မှန်​ကန်​သော​ချစ်​ခြင်း​မေ​တ္တာ ရှိ​ပါ၏။-

ဒါ​ဝိဒ်၏ ကျွန်​တို့​သည် အ​ဘိ​ဂဲ​လ​ရှိ​ရာ က​ရ​မေ​လ​မြို့​သို့ ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် သ​ခင်​မ​နှင့်​လက်​ထပ်​ခြင်း​ငှာ ကျွန်​တော်​တို့​ကို စေ​လွှတ်​ပါ​ပြီ​ဟု ပြော​ဆို​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ