လည်၍ စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သစ္စာစောင့်သောသူမူကား၊ ဝှက်ထားတတ်၏။
စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။
ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင် ပြုတတ်၏။ ဉာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။
ပညာသတိရှိသောသူသည် မိမိသိသောအရာကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ်အလိုအလျောက် မိုက်သောသဘောကို ထင်ရှားပြတတ်၏။
သစ္စာရှိသောသက်သေသည် မုသားမသုံးတတ်။ သစ္စာပျက်သောသက်သေမူကား၊ မုသားကိုသုံးတတ်၏။
သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏။
လည်၍ စကားများသောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ်သောသူနှင့် မပေါင်းဖော်နှင့်။
သင်သည် အိမ်နီးချင်းနှင့် ကိုယ်အမှုကို ဆွေးနွေးလော့။ ဝှက်ထားအပ်သောအမှုအရာကို သူတစ်ပါးအား ထုတ်၍မပြနှင့်။
ထိုအခါ မှူးမတ်အပေါင်းတို့သည် ယေရမိရှိရာသို့ လာ၍မေးစစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြန်ပြောပြီးမှ၊ သူတို့သည် မမေးမစစ်ဘဲနေကြ၏။ ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။
သူ့အသရေပျက်သော သတင်းကိုကြားပြောခြင်းငှာ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှာ မကြံစည်ရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ထိုမှတစ်ပါး၊ တစ်အိမ်မှတစ်အိမ်သို့ လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြောအပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူ ဖြစ်တတ်ကြ၏။-
ထိုသူတို့က၊ သင်သည် ငါတို့အမှုကိုမဖော်မပြလျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရား ပေးတော်မူသောအခါ၊ သင်၌သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။
ငါတို့အမှုကိုလည်း သင်သည်ဖော်ပြလျှင်၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေဟုဆိုလျှင်၊