Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 10:7

Judson Bible

တ​ရား​သော​သူ​ကို အောက်​မေ့​သော​အ​ခါ ကောင်း​ချီး​ပေး​တတ်၏။ မ​တ​ရား​သော​သူ၏ နာ​မ​မူ​ကား​ပုပ်​ပျက်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ငါ့​နာ​မ​တည်​ရာ​ဖို့ ငါ​ရွေး​ကောက်​သော​ယေ​ရု​ရှ​လင်​မြို့​တွင်၊ ငါ့​ရှေ့​မှာ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မီး​ခွက်​သည် အ​စဉ်​ထွန်း​လင်း​လျက် ရှိ​စေ​ခြင်း​ငှာ၊ ရှော​လ​မုန်​သား​အား တစ်​ခ​ရိုင်​ကို​ငါ​ပေး၏။

ငါ​သည် ကိုယ်​မျက်​နှာ​ကို​လည်း​ကောင်း၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​လည်း​ကောင်း ထောက်၍ ဤ​မြို့​ကို ကယ်​တင်​ခြင်း​ငှာ စောင့်​မ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ဒါ​ဝိဒ်​မြို့​မှာ ရှင်​ဘု​ရင်​တို့​တွင် သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တွင် ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ အိမ်​တော်၌​လည်း​ကောင်း ကျေး​ဇူး​ပြု​သော​သူ​ဖြစ်​သ​တည်း။

ဟေ​ဇ​ကိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်၏​သား​တော် မြေး​တော်​တို့ သင်္ချိုင်း​တွင် အ​မြတ်​ဆုံး​သော​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ပြု​လေ၏။ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည်၊ ဟေ​ဇ​ကိ အ​နိ​စ္စ​ရောက်​သော​အ​ခါ၊ ဂုဏ်​အ​သ​ရေ​တော်​ကို ချီး​မြှောက်​ကြ၏။ သား​တော်​မ​နာ​ရှေ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

မြေ​ပေါ်​မှာ​သူ့​ကို အောက်​မေ့​စ​ရာ​အ​မှတ်​ပျောက်​ပျက်၍၊ ပွဲ​သ​ဘင်၌ သူ၏​နာ​မ​ကို အ​ဘယ်​သူ​မျှ မ​ခေါ်​မ​ပြော။

သူ၏​အ​မိ​သည် သူ့​ကို​မေ့​လျော့၍၊ တီ​ကောင်​တို့​သည် မြိန်​စွာ စား​လိမ့်​မည်။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ရ။ မ​တ​ရား​သော​သူ​သည် သစ်​ပင်​ကဲ့​သို့ ကျိုး​ရ​လိမ့်​မည်။

လူ​တို့​သည် လက်​ခုတ်​တီး၍ ကဲ့​ရဲ့​သံ​ကို​ပြု​လျက်၊ သူ့​ကို​မောင်း​ကြ​လိမ့်​မည်။

သူ၏​အ​နွယ်​သည် ပြတ်​ပါ​စေ။ လူ​မျိုး​ဆင်း​သက်၍ တစ်​ဆက်​တည်း​တွင်၊ သူ​တို့၏​နာ​မည်​သည် ကျေ​ပျောက်​ပါ​စေ။

ထို​ဒု​စ​ရိုက်​အ​ပြစ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ အ​စဉ်​အ​မြဲ​ထင်​ရှား၍၊ မြေ​ကြီး​ပေါ်​မှာ ထို​သူ​တို့​ကို အောက်​မေ့​စ​ရာ အ​မှတ်​မျှ​မ​ရှိ​စေ​ခြင်း​ငှာ၊ ပယ်​ရှင်း​တော်​မူ​ပါ​စေ။

အ​ကယ်​စင်​စစ် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​သည် အ​စဉ်​အ​မြဲ အောက်​မေ့​ဖို့​ရာ ဖြစ်​လိမ့်​မည်။

ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တို့​ကား၊ မြေ​ကြီး​ပေါ်​မှာ အောက်​မေ့​စ​ရာ အ​မှတ်​မျှ​မ​ရှိ​စေ​ခြင်း​ငှာ ပယ်​ရှင်း​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​ထား​တော်​မူ၏။

ဖြောင့်​မတ်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ သူ​တို့​ကို ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။

ငါ့​ရန်​သူ​တို့​က၊ သူ​သည်​သေ၍ သူ၏​နာ​မ​သည် အ​ဘယ်​ကာ​လ​မှ တိမ်​မြုပ်​လိမ့်​မည်​နည်း​ဟု ငါ့​ကို​မ​နာ​လို၍ ဆို​တတ်​ကြ၏။

ကောင်း​သော​အ​သ​ရေ​ကို များ​စွာ​သော​ဥ​စ္စာ​ထက် သာ၍ ရွေး​စ​ရာ​ကောင်း၏။ သူ​တစ်​ပါး​စုံ​မက်​ခြင်း​ကျေး​ဇူး​သည် ရွှေ​ငွေ​ထက် သာ၍​ကောင်း၏။

ထို​မှ​တစ်​ပါး၊ သန့်​ရှင်း​ရာ​အ​ရပ်​ဌာ​န​တော်​သို့ သွား​လာ​သော အ​ဓ​မ္မ​လူ​တို့​သည် သင်္ဂြိုဟ်​ခြင်း​ခံ​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု​ဖူး​သော​မြို့၌ သူ​တို့​ကို အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ကြောင်း​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သူ​တို့​တစ်​ဖက်၌​ထ၍ ဗာ​ဗု​လုန်​မြို့၏​နာ​မ​နှင့် အ​ကြွင်း​အ​ကျန်​ကို​လည်း​ကောင်း၊ သား​မြေး​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​စ​ရာ အ​ကြောင်း​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို စွန့်​ပစ်​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ရ​ကြ​ပါ​လိမ့်​မည်။ ငါ့​ထံ​မှ ထွက်​သွား​သော​သူ​တို့​သည် မြေ​စာ​ရင်း​သို့ ဝင်​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​သက်​စမ်း​ရေ​တွင်း တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​ကြ​သ​တည်း။

ငါ​အ​မှန်​ဆို​သည်​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မြေ​တစ်​ပြင်​လုံး​တွင် ဟော​သော​အ​ရပ်​ရပ်​တို့၌ ဤ​မိန်း​မ​ကို အောက်​မေ့​စ​ရာ​ဖို့ သူ​ပြု​သော​ဤ​အ​မှု​ကို ကြား​ပြော​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ မိ​မိ​ကျွန်​မ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို ကြည့်​ရှု​တော်​မူ​ပြီ။ နောင်​ကာ​လ၌ ခပ်​သိမ်း​သော​လူ အ​စဉ်​အ​ဆက်​တို့​သည် ငါ့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ခေါ်​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ