ဖြောင့်မတ်သောသူသည် အစဉ်မပြတ် နေရာမှမရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည်မကျရ။
ဖြောင့်မတ်သောသူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွားခြင်း ရှိကြလိမ့်မည်။
အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သောသူသည် အစဉ်အမြဲ အောက်မေ့ဖို့ရာ ဖြစ်လိမ့်မည်။
ထာဝရဘုရားကို ခိုလှုံသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ၏။
ကိုယ်ငွေကိုချေး၍ အတိုးမယူ၊ အပြစ်မရှိသောသူ၏တစ်ဖက်မှ တံစိုးကိုမခံဘဲကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့်သတည်း။
ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်းမရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည်သာယာခြင်း၊
ကောင်းချီးပေးတော်မူခြင်းကို ခံရသောသူသည် ပြည်တော်ကို အမွေခံရလိမ့်မည်။ ကျိန်တော်မူခြင်းကို ခံရသောသူမူကား၊ ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နေရာထဲကနှင်ထုတ်၍၊ အသက်ရှင်သောသူတို့၏နေရာထဲက နုတ်ပစ်တော်မူမည်။
မတရားသောသူသည် လွန်သွားသော လေပွေကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံသော တိုက်မြစ်ဖြစ်၏။
ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကိုဆက်အံ့သော အခြားလူတို့အား ထိုဥယျာဉ်ကို ငှားပါလိမ့်မည်ဟု လျှောက်ကြ၏။