Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 10:17

Judson Bible

နည်း​ဥ​ပ​ဒေ​သ​ကို စောင့်​ရှောက်​သော​သူ​သည် အ​သက်​လမ်း​သို့ လိုက်​တတ်၏။ ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​သော​သူ​မူ​ကား လမ်း​လွဲ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က၊ သင်​သည် တိုင်​ပင်​မှူး​မတ် ဖြစ်​သ​လော။ တိတ်​ဆိတ်​စွာ​နေ​လော့။ အ​ဘယ်​ကြောင့် ရာ​ဇ​ဝတ်​ခံ​ချင်​သ​နည်း​ဟု ဆို​သော်၊ ပ​ရော​ဖက်​က၊ မင်း​ကြီး​သည် ငါ​ပေး​သော​သ​တိ​စ​ကား​ကို နား​မ​ထောင်၊ ဤ​အ​မှု​ကို ပြု​မိ​သော​ကြောင့်၊ ဘု​ရား​သ​ခင်​သည် မင်း​ကြီး​ကို​ဖျက်​ဆီး​မည် ကြံ​တော်​မူ​သည်​ကို ငါ​သိ​မြင်​သည်​ဟု ပြော​ဆို​ပြီး​လျှင် တိတ်​ဆိတ်​စွာ​နေ​လေ၏။

ငါ​သ​တိ​ပေး​ခြင်း​ကို အ​လျှင်း​နား​မ​ခံ​ကြ။ ငါ​ဆုံး​မ​ခြင်း​ရှိ​သ​မျှ​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။

နည်း​ဥ​ပ​ဒေ​ကို ခံ​ချင်​သော​သူ​သည် ပ​ညာ​အ​တတ်​ကို​နှစ်​သက်၏။ ဆုံး​မ​ခြင်း​ကို​မုန်း​သော​သူ​မူ​ကား၊ တိ​ရ​စ္ဆာန်​သ​ဘော​ရှိ၏။

လမ်း​လွှဲ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို နား​မ​ခံ​လို။ သို့​သော်​လည်း၊ အ​ပြစ်​တင်​ခြင်း​ကို​မုန်း​သော​သူ​သည် သေ​ရ​မည်။

ဆုံး​မ​ခြင်း​စ​ကား​ကို​ပယ်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို မ​ထီ​မဲ့​မြင်​ပြု​ရာ​သို့ ရောက်၏။ နား​ထောင်​သော​သူ​မူ​ကား၊ ဉာဏ်​ကို​ရ​တတ်၏။

အ​ထပ်​ထပ်​ဆုံး​မ​ခြင်း​ကို​ခံ​သော်​လည်း၊ မိ​မိ​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​သူ​သည် ကိုး​ကွယ်​ရာ​မ​ရ၊ ရုတ်​တ​ရက် ပျက်​စီး​လိမ့်​မည်။

ပ​ညာ​ကို ကိုင်​ဆွဲ​သော​သူ​သည် အ​သက်​ပင်​ကို​ရ​ပြီ။ လက်​မ​လွှတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

ဥ​ပ​ဒေ​သ​ကို ကိုင်​ဆွဲ​လော့။ မ​လွှတ်​နှင့်။ စောင့်​ထား​လော့။ အ​သက်​ရှင်​ခြင်း၏​အ​ကြောင်း ဖြစ်၏။

ငါ့​အ​ဘ​သွန်​သင်၍ မြွက်​ဆို​လေ​သည်​ကား၊ ငါ့​စ​ကား​ကို သင်၏​နှ​လုံး၌​သွင်း​မိ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​သ​ဖြင့် အ​သက်​ရှင်​လော့။

ငါ​သည် သွန်​သင်​ခြင်း​ကို မုန်း​လေ​ပြီ​တ​ကား။ ဆုံး​မ​ခြင်း​ကို စိတ်​နှ​လုံး​ထဲ​မှာ မ​ထီ​မဲ့​မြင်​ပြု​လေ​ပြီ​တ​ကား။

စည်း​ဝေး​သော​ပ​ရိသတ်​များ​အ​လယ်၌ ဒု​စ​ရိုက်​မျိုး​ကို ကုန်​စင်​လု​သည်​တိုင်​အောင် ငါ​ပြု​လေ​ပြီ​တ​ကား​ဟု မြည်​တမ်း​ရ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တော်​သည် မီး​ခွက်​ဖြစ်၏။ တ​ရား​တော်​သည် အ​လင်း​ဖြစ်၏။ အ​ပြစ်​ကို ပြ​တတ်​သော ဩ​ဝါ​ဒ​စ​ကား​သည် အ​သက်​လမ်း​ဖြစ်၏။

သင်၏​နှုတ်​သည် သင်၏​ကိုယ်​ခ​န္ဓာ၌ အ​ပြစ်​မ​ရောက်​စေ​နှင့်။ အ​ကျွန်ုပ်​မှား​ပါ​ပြီ​ဟု၊ တ​မန်​တော်​ရှေ့​မှာ ပြော​ရ​သော​အ​ကြောင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​သည် သင်၏​စ​ကား​သံ​ကို​အ​မျက်​တော်​ထွက်၍၊ သင်​ပြု​စု​သော​အ​မှု​ကို အ​ဘယ်​ကြောင့် ဖျက်​ဆီး​တော်​မူ​ရ​မည်​နည်း။

ကိုယ်​တော်​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ၍ ကျင့်​စောင့်​သော​သူ​သည် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​သည် မိန့်​တော်​မူ​သော​သူ၏ စ​ကား​တော်​ကို မ​ငြင်း​မ​ပယ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ မြေ​ကြီး​ပေါ်​မှာ ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​သော​သူ၏​စ​ကား​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​မ​လွတ်​ရ​သည်​မှန်​လျှင်၊ ထို​မျှ​မ​က၊ ကောင်း​ကင်​ဘုံ​က မိန့်​တော်​မူ​သော​သူ၏ စ​ကား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ သာ၍​ကြီး​စွာ​သော​အ​ပြစ်​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​နိုင်​မည်​နည်း။-

ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သော ဒေ​သ​နာ​တော်​ကို မ​မေ့​မ​လျော့​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး၌​သာ၍​မှတ်​မိ​စွဲ​လမ်း​ခြင်း ရှိ​ရ​ကြ​မည်။-

မျှော်​ကြည့်၍၊ မြို့​လမ်း​မှာ ဧည့်​သည်​တစ်​ယောက်​ရှိ​သည်​ကို မြင်​လျှင်၊ သင်​သည် အ​ဘယ်​အ​ရပ်​သို့ သွား​သ​နည်း၊ အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု မေး​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ