Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 1:8

Judson Bible

ငါ့​သား၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်​လော့။ အ​မိ၏​တ​ရား​ကို​လည်း မ​ပယ်​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ငါ့​သား၊ လူ​ဆိုး​တို့​သည် သင့်​ကို​သွေး​ဆောင်​လျှင် ဝန်​မ​ခံ​နှင့်။

ငါ့​သား၊ သူ​တို့​နှင့်​အ​တူ မ​လိုက်​နှင့်။ သူ​တို့​သွား​သော​လမ်း​ကို ရှောင်​လော့။

ငါ့​သား၊ သင်​သည်​ပ​ညာ​စ​ကား​ကို နား​ထောင်၍၊

သင့်​ကို ဖြစ်​ဖွား​စေ​သော​အ​ဘ၏​စ​ကား​ကို နား​ထောင်​လော့။ အ​သက်​ကြီး​သော အ​မိ​ကို မ​ထီ​မဲ့​မြင်​မ​ပြု​နှင့်။

ငါ့​သား၊ ငါ​ပေး​သော​တ​ရား​ကို မ​မေ့​နှင့်။ ငါ့​ပ​ညတ်​တို့​ကို သင်၏​နှ​လုံး​စောင့်​ရှောက်​ပါ​စေ။

အ​ဘ​ကို ကျီ​စား​သော​သူ၊ အ​မိ​စ​ကား​ကို နား​မ​ထောင်၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ၏​မျက်​စိ​ကို ချိုင့်၌​ကျင်​လည်​သော ကျီး​အ​တို့​သည် နှိုက်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ သူ​ငယ်​တို့​သည်​လည်း စား​ကြ​လိမ့်​မည်။

လေ​မွေ​လ​မင်း​ကြီး၏​မယ်​တော်​သည် သား​ကို ဆုံး​မ​သွန်​သင်​သော တ​ရား​စ​ကား​ဟူ​မူ​ကာ၊

ငါ့​ဆ​ရာ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ ငါ့​အား သွန်​သင်​သော သူ​တို့၏​စ​ကား​ကို နား​မ​ခံ​ဘဲ​နေ​လေ​ပြီ​တ​ကား။

ငါ့​သား၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​လော့။ အ​မိ​ပေး​သော တ​ရား​ကို မ​ပယ်​နှင့်။

ငါ့​သား၊ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်၍၊ ငါ့​ပ​ညတ်​တို့​ကို သင်၌​သို​ထား​လော့။

ထို​ကြောင့်၊ အ​ကျွန်ုပ်​တို့​သည် မ​ယား​သား​သ​မီး​နှင့်​တ​ကွ တစ်​သက်​လုံး စ​ပျစ်​ရည်​ကို​မ​သောက်။

လူ​တိုင်း ကိုယ်​မိ​ဘ​ကို​ရို​သေ​ရ​မည်။ ငါ့​ဥ​ပုသ်​နေ့​တို့​ကို​လည်း စောင့်​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

လက်​ခြေ​သေ၍ အိပ်​ရာ​ပေါ်​မှာ တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​သည် လှည့်၍ ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင်၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​မှ​စ၍ ထို​မိန်း​မ​သည် အ​နာ​ကင်း​ပျောက်​လေ၏။-

ကောက်​နယ်​တ​လင်း​သို့ သွား၍ ယော​က္ခ​မ​မှာ​ထား​သ​မျှ​အ​တိုင်း ပြု​လေ၏။

လူ​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြစ်​မှား​လျှင်၊ တ​ရား​သူ​ကြီး စစ်​ကြော​စီ​ရင်​ရ၏။ လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​လျှင်၊ သူ့​အ​တွက် အ​ဘယ်​သူ တောင်း​ပန်​လိမ့်​မည်​နည်း​ဟု ဆုံး​မ​သော်​လည်း၊ သူ​တို့​သည် အ​ဘ၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ကွပ်​မျက်​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ