Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 1:22

Judson Bible

အို​လူ​မိုက်​တို့၊ သင်​တို့​သည် မိုက်​သော​အ​ကျင့်​ကို နှစ်​သက်​လျက်၊ ကဲ့​ရဲ့​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၌​မွေ့​လျော်​လျက်၊ မိုက်​မဲ​သော​သူ​တို့​သည် ပ​ညာ​အ​တတ်​ကို​မုန်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

ယော​ဘ​နှင့်​တူ​သော​သူ တစ်​စုံ​တစ်​ယောက် ရှိ​လိမ့်​မည်​လော။ ရေ​ကို သောက်​သ​ကဲ့​သို့ ကဲ့​ရဲ့​ခြင်း​ကို​မျို​တတ်၏။

မ​တ​ရား​သော​သူ​တို့​၏ တိုက်​တွန်း​ခြင်း​သို့​မ​လိုက်၊

တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော​သူ​တို့၊ နား​လည်​ကြ​လော့။ လူ​မိုက်​တို့၊ အ​ဘယ်​ကာ​လ​မှ ပ​ညာ​သ​တိ​ကို ရ​ကြ​လိမ့်​မည်​နည်း။

မော​ရှေ​နှင့် အာ​ရုန်​တို့​သည်၊ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​ရှေ့​မှာ ကိုယ်​ကို​ကိုယ်​မ​နှိမ့်​ချ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း။ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ပေး​လော့။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည်​ငါ့​ပ​ညတ်​တ​ရား​များ​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငြင်း​ပယ်​ကြ​လိမ့်​မည်​နည်း။

လူ​စည်း​ဝေး​ရာ အ​ဦး၌​လည်း​ကောင်း၊ မြို့​တံ​ခါး​ဝ​တို့၌​လည်း​ကောင်း၊ မြို့​ထဲ၌​လည်း​ကောင်း​ခေါ်၍ မြွက်​ဆို​သော​စ​ကား​ဟူ​မူ​ကား၊

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပ​ညာ​အ​တတ်​ကို မုန်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကို အ​လို​မ​ရှိ​ကြ။

ဉာဏ်​တိမ်​သော​သူ​တို့​သည် လမ်း​လွဲ​သ​ဖြင့် အ​သက်​ဆုံး​တတ်​ကြ၏။ မိုက်​သော​သူ​တို့​သည် သ​တိ​လစ်​သော​အား​ဖြင့် ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ လူ​မိုက်​တို့​သည် ပ​ညာ​နှင့် ဥ​ပ​ဒေ​သ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် ပ​ညာ​ကို​ရှာ၍​မ​တွေ့​ရာ။ ဉာဏ်​ရှိ​သော​သူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​လွယ်၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ပြ​သော​သူ​ကို မ​ချစ်​တတ်။ ပ​ညာ​ရှိ​ထံ​သို့ မ​ချဉ်း​ကပ်​တတ်။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​အ​ဖို့ အ​ပြစ်​စီ​ရင်​ခြင်း၊ မိုက်​သော​သူ​တို့၏​ကျော​အ​ဖို့ ဒဏ်​ပေး​ခြင်း​သည် အ​သင့်​ရှိ၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​အ​ခါ၊ ဉာဏ်​တိမ်​သော​သူ​သည် သ​တိ​ရ​တတ်၏။ သ​တိ​ရ​သော​သူ​သည်​လည်း သွန်​သင်​ခြင်း​ကို​ခံ​သော​အ​ခါ၊ ပ​ညာ​တိုး​ပွား​တတ်၏။

ပြင်း​စွာ​သော ဒေါ​သ​အ​မျက်၌ ကျင်​လည်​သော​သူ​ကို၊ ထောင်​လွှား​စော်​ကား​သော​သူ၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ဟူ၍ သ​မုတ်​အပ်၏။

သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် အ​မှု​ကို​မျှော်​မြင်၍ ပုန်း​နေ​တတ်၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား၊ အ​စဉ်​အ​တိုင်း​သွား၍ အ​မှု​နှင့်​တွေ့​တတ်၏။

အ​ကယ်​စင်​စစ် ကဲ့​ရဲ့​တတ်​သော​သူ​တို့​ကို ကဲ့​ရဲ့​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား​ကား၊ ကျေး​ဇူး​ပြု​တော်​မူ၏။

ငါ​သည် သွန်​သင်​ခြင်း​ကို မုန်း​လေ​ပြီ​တ​ကား။ ဆုံး​မ​ခြင်း​ကို စိတ်​နှ​လုံး​ထဲ​မှာ မ​ထီ​မဲ့​မြင်​ပြု​လေ​ပြီ​တ​ကား။

အို​လူ​ပျင်း၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​အိပ်​လျက် နေ​လိမ့်​မည်​နည်း။ အ​ဘယ်​သော​အ​ခါ နိုး​လိမ့်​မည်​နည်း။

ဉာဏ်​တိမ်​သော အ​မျိုး​သား​ချင်း​စု​ကို ငါ​ကြည့်​ရှု​စဉ်​တွင်၊ ဉာဏ်​မ​ရှိ​သော လူ​ပျို​တစ်​ယောက်​သည်၊

ဉာဏ်​တိမ်​သော​သူ​တို့၊ ပ​ညာ​တ​ရား​ကို နား​လည်​ကြ​လော့။ လူ​မိုက်​တို့၊ ထိုး​ထွင်း​သော​ဉာဏ်​ရှိ​ကြ​လော့။

သင်၏ မျောက်​မ​ထား​ခြင်း၊ ဟီ​မြည်​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၏ ညစ်​ညူး​ခြင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ လယ်​ပြင်၌​လည်း​ကောင်း​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​တို့​ကို ငါ​သိ​မြင်၏။ အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ မ​ရောက်​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး​ကို ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​စင်​စေ​လော့။ သင်၏ အ​ဓ​မ္မ​အ​ကြံ​အ​စည်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သင်၏​အ​ထဲ၌ တည်​နေ​ရ​မည်​နည်း။

ငါ့​ကို​အ​ပြစ်​တင်၍၊ မြည်​တမ်း​သော ဤ​ပ​ရိ​သတ်​ဆိုး​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သည်း​ခံ​ရ​အံ့​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​သော​စ​ကား​တို့​ကို ငါ​ကြား​ရ​ပြီ။

ယေ​ရှု​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။-

အို​ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ​ပြီ။ သင်​မူ​ကား အ​လို​မ​ရှိ။-

ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို နား​လည်​ခြင်း​ငှာ သင်​တို့​သွား၍ သင်​ကြ​လော့။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သည် မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။-

အ​ချင်း​မြို့၊ သင်၏​ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်၏​လက်​ထက် ယ​ခု​ကာ​လ၌​ပင် သင်​သည်​သိ​ရ​လျှင် မင်္ဂ​လာ​ရှိ၏။ ယ​ခု​မူ​ကား၊ ထို​အ​ရာ​တို့​ကို သင်၏​မျက်​စိ​ရှေ့​မှာ မ​ထင်​ရှား​စေ​ခြင်း​ငှာ ဝှက်​ထား​လျက်​ရှိ၏။-

ဆိုး​ယုတ်​သော​အ​ကျင့်​ကို ကျင့်​သော​သူ​အ​ပေါင်း​တို့​သည် အ​လင်း​ကို​မြင်​ပြင်း၍ မိ​မိ​တို့​အ​ကျင့်၌ အ​ပြစ်​ပါ​သည်​ကို​မ​ထင်​ရှား​စေ​ခြင်း​ငှာ အ​လင်း​သို့ မ​ချဉ်း​ကပ်​ကြ။-

ရှေ့​ဦး​စွာ သိ​မှတ်​အပ်​သော​အ​ရာ ဟူ​မူ​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ပြက်​ရယ်​ပြု​တတ်​သော သူ​တို့​သည်၊ မိ​မိ​တို့​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​နေ၍၊-

ဝိ​ညာဉ်​တော်​နှင့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က လာ​ခဲ့​ပါ​ဟု ဆို​ကြ၏။ ကြား​သော​သူ​က​လည်း၊ လာ​ခဲ့​ပါ​ဟု​ဆို​ပါ​စေ၊ ရေ​ငတ်​သော​သူ​သည် လာ​ပါ​စေ။ အ​လို​ရှိ​သော​သူ​သည် အ​ဖိုး​ကို​မ​ပေး​ဘဲ အ​သက်​ရေ​ကို ယူ​ပါ​စေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ