အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာသို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှာလျင်မြန်၏။
ကိုင်ကြ။ သူ့ကိုသတ်၍ တစ်စုံတစ်ခုသောတွင်းထဲသို့ ချပစ်ကြစို့။ ဆိုးသောသားရဲတစ်စုံတစ်ခုကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကိုကြည့်ကြစို့ဟု အချင်းချင်းပြောဆိုကြ၏။
အကယ်စင်စစ် ငှက်မျက်မှောက်၌ ပိုက်ကွန်ကိုဖြန့်ထားလျှင် အကြံမမြောက်ရာ။
မတရားသောသူ၏စကားသည် သူ့အသက်ကိုသတ်ခြင်းငှာ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သောသူ၏နှုတ်မူကား၊ သူတစ်ပါးတို့ကို ကယ်နုတ်တတ်၏။
သူတို့သည် သူတစ်ပါး၌ အပြစ်မပြုရလျှင် မအိပ်တတ်။ တစ်စုံတစ်ယောက်သောသူကို မလဲစေလျှင် အိပ်၍မပျော်တတ်။
ထောင်လွှားသော မျက်နှာတစ်ပါး၊ မုသား၌ ကျင်လည်သောလျှာတစ်ပါး၊ အပြစ်မရှိသောသူ၏ အသက်ကိုသတ်သော လက်တစ်ပါး၊
မကောင်းသော အကြံကို ကြံစည်သောနှလုံးတစ်ပါး၊ အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သော ခြေတစ်ပါး၊
သူတို့ခြေသည် အဓမ္မအမှုကိုပြုခြင်းငှာ ပြေးတတ်၏။ အပြစ်မရှိသောသူ၏အသက်ကို သတ်ခြင်းငှာလျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်းရှိ၏။
ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ်သို့ဆိုရသနည်း။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း။-
သူ့ကို လှံတိုနှင့် ထရံနားမှာထိုးစမ်းသော်လည်း၊ အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည် ထရံကိုစူးလျက်နေ၏။ ဒါဝိဒ်သည် ပြေး၍ ထိုည၌လွတ်ရ၏။