Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 1:11

Judson Bible

သူ​တို့​က ငါ​တို့​နှင့်​အ​တူ​လိုက်​တော့။ သူ့​အ​သက်​ကို​သတ်​အံ့​သော​ငှာ စောင့်​ကြ​စို့။ အ​ချည်း​နှီး အ​ပြစ်​လွတ်​သော​သူ​တို့​ကို ချောင်း​မြောင်း​ကြ​စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဖမ်း​မိ​သော​အ​ကောင်​ကို စား​ချင်​အား​ကြီး​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ချောင်း၍​နေ​သော ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ၏။

အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​ဖို့ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​သက်​ကို သတ်​စ​ရာ​ဖို့​တွင်း​ကို တူး​ကြ​ပါ​ပြီ။

ငါ့​အ​သက်​ကို စောင့်​စဉ်​အ​ခါ စု​ဝေး၍ ချောင်း​မြောင်း​လျက်၊ ငါ့​ခြေ​ရာ​တို့​ကို ကြည့်​မှတ်​ကြ၏။

အ​ကြောင်း​မူ​ကား၊ သူ​တို့​ခြေ​သည် ဒု​စ​ရိုက်​ပြု​ရာ​သို့​ပြေး၍၊ လူ​အ​သက်​ကို သတ်​ခြင်း​ငှာ​လျင်​မြန်၏။

လူ​ဆိုး​တို့​သည် ကိုယ်​အ​သွေး​ကို သွန်​အံ့​သော​ငှာ​စောင့်၍၊ ကိုယ်​အ​သက်​ကို သတ်​အံ့​သော​ငှာ ချောင်း​မြောင်း​တတ်​ကြ၏။

မ​တ​ရား​သော​သူ၏​စ​ကား​သည် သူ့​အ​သက်​ကို​သတ်​ခြင်း​ငှာ စောင်း​မြောင်း​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​နှုတ်​မူ​ကား၊ သူ​တစ်​ပါး​တို့​ကို ကယ်​နုတ်​တတ်၏။

အို မ​တ​ရား​သော​သူ၊ ဖြောင့်​မတ်​သော​သူ၏​အိမ်​ကို ချောင်း၍​မ​ကြည့်​နှင့်။ သူ၏ ငြိမ်​ဝပ်​ရာ​အ​ရပ်​ကို မ​ဖျက်​နှင့်။

သူ​ခိုး​ကို လက်​ခံ​သော​သူ​သည် မိ​မိ​အ​သက်​ကို မုန်း​တတ်၏။ ကျိန်​ဆို​ခြင်း​ကို ပြု​သော်​လည်း၊ အ​မှု​ကို မ​ဖော်​မ​ပြ​တတ်။

ဆင်း​ရဲ​သော​သူ​တို့​ကို မြေ​ကြီး​ပေါ်​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​တို့​ကို လူ​စု​ထဲ​က​လည်း​ကောင်း၊ ကိုက်​စား​ပယ်​ရှင်း​စ​ရာ​ဖို့ သန်​လျက်​နှင့်​တူ​သော သွား၊ ဓား​နှင့်​တူ​သော အံ​နှင့် ပြည့်​စုံ​သော လူ​တစ်​မျိုး​ရှိ၏။

အ​သေ​သတ်​ခြင်း​ငှာ​ဆောင်​သွား​သော သိုး​သ​ငယ်​ယဉ်​ကဲ့​သို့ ငါ​ဖြစ်၏။ သူ​တို့​က၊ သူ၏​နာ​မ​ကို ရှင်း​ရှင်း​ပျောက်​စေ​ခြင်း​ငှာ၊ အ​သီး​အ​ကင်း​နှင့်​တ​ကွ အ​ပင်​ကို​ရှင်း​ရှင်း​ဖျက်၍၊ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ​မှ သူ့​ကို ပယ်​ဖြတ်​ကြ​ကုန်​အံ့​ဟု၊ ငါ့​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​နှင့် ကြံ​စည်​ကြောင်း​ကို ငါ​မ​သိ။

ဝပ်​လျက်​နေ​သော မု​ဆိုး​ကဲ့​သို့ ချောင်း​မြောင်း​သော လူ​ဆိုး​တို့​သည် ငါ၏​လူ​တို့​တွင်​ရှိ​ကြ၏။ လူ​တို့​ကို​ထောင်​ခြင်း​ငှာ ထောင်​ချောက်​ကို​ထား​ကြ​ပြီ။

ကောင်း​သော​ပြည်​သား​အ​ပေါင်း​တို့​သည် ကွယ်​ပျောက်​ကြ​ပြီ။ ဖြောင့်​မတ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခပ်​သိမ်း​သော​သူ​တို့​သည် လူ​အ​သက်​ကို သတ်​ခြင်း​ငှာ ချောင်း၍ ကြည့်​တတ်​ကြ၏။ အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ကျော့​ကွင်း​နှင့် ဖမ်း​တတ်​ကြ၏။

သို့​ဖြစ်​လျှင်၊ အ​ကြောင်း​မ​ရှိ​ဘဲ ငါ့​ကို​မုန်း​ကြ၏​ဟု သူ​တို့၏​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။-

ထို​ကြောင့်၊ နက်​ဖြန်​နေ့၌ စစ်​သူ​ကြီး​သည် ပေါ​လု​ကို ကိုယ်​တော်​တို့​ထံ​သို့ ပို့​ဆောင်​စေ​ခြင်း​ငှာ၊ သူ့​ကို​သာ၍ စေ့​စေ့​စစ်​ကြော​မည် အ​ဟန်​ပြု၍၊ လွှတ်​အ​ရာ​ရှိ​များ​နှင့်​အ​တူ ကိုယ်​တော်​တို့​သည် စစ်​သူ​ကြီး​ကို လျှောက်​ကြ​ပါ​လော့။ ပေါ​လု​သည် ကိုယ်​တော်​တို့​ထံ​သို့ မ​ရောက်​မီ​အ​ကြား​တွင် အ​ကျွန်ုပ်​တို့​သည် သူ့​ကို​သတ်​ခြင်း​ငှာ အ​သင့်​ရှိ​နှင့်​ပါ​ပြီ​ဟု လျှောက်​ကြ၏။

ပေါ​လု​ကို သတ်​ခြင်း​ငှာ လမ်း​နား၌ ချောင်း၍ နေ​မည်​ဟု​အ​ကြံ​ရှိ​သည်​နှင့်၊ ပေါ​လု၏​အ​ကြောင်း​ကို ကြား​လျှောက်​တောင်း​ပန်၍၊ သူ့​ကို ယေ​ရု​ရှ​လင်​မြို့​သို့ စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ