Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 1:1

Judson Bible

ပ​ညာ​တ​ရား၊ နည်း​ဥ​ပ​ဒေ​သ​တ​ရား​ကို​သိ​၍၊ ဉာဏ်​နှင့်​ယှဉ်​သော စ​ကား​ကို နား​လည်​မည်​အ​ကြောင်း၊ ပ​ညာ​သွန်​သင်​ခြင်း၊ ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ​ဆုံး​ဖြတ်​ခြင်း အ​မှု​အ​ရာ၌​လေ့​ကျက်​မည်​အ​ကြောင်း၊ မိုက်​သော​သူ​သည်​လိ​မ္မာ​၍၊ လူ​ပျို​သည် ပ​ညာ​သ​တိ​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ ဒါ​ဝိဒ်၏​သား​တော်​ဖြစ်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လ​မုန်​စီ​ရင်​သော သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​တော်​မူ၍၊ အာ​ဏာ​တော်​သည် အ​မြဲ​တည်၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ရှော​လ​မုန်​အား​ပ​ညာ​ကို​ပေး​တော်​မူ၏။ ဟိ​ရံ​မင်း​နှင့် ရှော​လ​မုန်​မင်း​နှစ်​ပါး​တို့​သည် စစ်​တိုက်​ခြင်း​မ​ရှိ။ မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ၏။

သင်​မြင်​သော သား​တစ်​ယောက်​သည် ငြိမ်​ဝပ်​သော​သူ ဖြစ်​လိမ့်​မည်။ သူ၏​အ​မည်​ကား ရှော​လ​မုန်​ဖြစ်၍၊ သူ့​ပတ်​လည်၌ ရန်​သူ​မ​ရှိ။ ငြိမ်​ဝပ်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ သူ၏​လက်​ထက်၌ ဣ​သ​ရေ​လ​အ​မျိုး​သည် စစ်​တိုက်​ခြင်း​မ​ရှိ။ ငြိမ်​ဝပ်​စွာ​နေ​ရ​သော အ​ခွင့်​ကို​လည်း​ကောင်း၊ ငါ​ပေး​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား များ​စွာ​သော​သား​တို့​ကို​ပေး​တော်​မူ​သည်​ဖြစ်၍၊ ငါ့​သား​အ​ပေါင်း​တို့​တွင် သား​ရှော​လ​မုန်​ကို ရွေး​ကောက်၍ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​နိုင်​ငံ​တော် ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​ပြီ။

ထို​အ​ခါ ရှော​လ​မုန်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်​ကိုယ်​စား ရှင်​ဘု​ရင်​အ​ရာ​ကို​ခံ၍ ထာ​ဝ​ရ​ဘု​ရား၏ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​လျက် ဘုန်း​ကြီး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စ​ကား​တော်​ကို နား​ထောင်​ကြ၏။

ဒါ​ဝိဒ်​သည် အ​သက်​ကြီး​ရင့်၍ နေ့​ရက်​ကာ​လ​ပြည့်​စုံ​ခြင်း၊ ဘုန်း​စည်း​စိမ်​ကြွယ်​ဝ​ခြင်း​ရှိ​လျက် အ​နိ​စ္စ​ရောက်၍ သား​တော်​ရှော​လ​မုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်​လေ၏။

ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ မိုက်​သော​သား​မူ​ကား၊ အ​မိ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ဖြစ်​စေ​တတ်၏။

ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လူ​တို့​ကူး​ရေး​သော ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊

ဒါ​ဝိဒ်၏​သား​တော်၊ ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​ဖြစ်​သော ယေ​ရု​ရှ​လင်​မင်း​ကြီး၏​စ​ကား​ဟူ​မူ​ကား၊

ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​သည် ပ​ညာ​ရှိ​သည်​အ​တိုင်း၊ ပ​ရိ​သတ်​တို့​အား ပ​ညာ​အ​တတ်​ကို သွန်​သင်​လေ့​ရှိ၏။ လုံ့​လ​ဝိ​ရိ​ယ​ပြု​လျက် များ​စွာ​သော​သု​တ္တံ​စ​ကား​တို့​ကို ရှာ​ဖွေ၍​စီ​ရင်၏။

ဤ​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​အား​ဖြင့် ငါ​ဟော​ပြော၏။ ပုံ​ဥ​ပ​မာ​အား​ဖြင့် မ​ဟော​မ​ပြော​ဘဲ၊ ခ​မည်း​တော်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်​တို့​အား အ​တည့်​အ​လင်း​ဖော်​ပြ​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ