အဋ္ဌမနေ့၌ မောရှေသည် အာရုန်နှင့်သူ၏သားများ၊ ဣသရေလအမျိုး အသက်ကြီးသူများတို့ကိုခေါ်၍၊
အဋ္ဌမနေ့၌လည်း၊ အပြစ်မရှိ၊ အခါလည်သော သိုးသငယ်အထီးနှစ်ကောင်၊ အမတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာဖို့၊ ဆီရောသောမုန့်ညက်သုံးဩမဲနှင့် ဆီတစ်လောဃကိုလည်းကောင်းယူပြီးလျှင်၊
မိမိစင်ကြယ်ခြင်းအလိုငှာ၊ ထာဝရဘုရားရှေ့တော်တွင် ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့၊ အဋ္ဌမနေ့၌ဆောင်ခဲ့ပြီးမှ၊
အဋ္ဌမနေ့၌လည်း၊ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ထာဝရဘုရားရှေ့တော်၌ ပရိသတ်စည်းဝေးရာတံခါးနားသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားပေးရမည်။
အဋ္ဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ပရိသတ်စည်းဝေးရာတဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
သင်တို့ကို အရာ၌ခန့်ထားရာ ကာလခုနစ်ရက်မစေ့မီ ပရိသတ်စည်းဝေးရာ တဲတော်တံခါးပြင်သို့ မထွက်ရကြ။ ခုနစ်ရက်ပတ်လုံး အရာ၌ခန့်ထားခြင်းမင်္ဂလာကို ဆောင်ရကြမည်။
မောရှေအားဖြင့် ထာဝရဘုရားမှာထားတော်မူသမျှအတိုင်း၊ အာရုန်နှင့် သူ၏သားတို့သည် ပြုကြ၏။
အဋ္ဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပထမနေ့ရက် မိုးလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။-