သူ၏ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ သန့်ရှင်းသောရွှေသင်းကျစ်ပြားကို ဗောင်းရှေ့၌တပ်လေ၏။
လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ်လုံ၊ ချယ်လှယ်သောအင်္ကျီ၊ ဗောင်း၊ ခါးပန်းတည်းဟူသော သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှာ၊
သူ၏ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ ဗောင်း၌သန့်ရှင်းသောသင်းကျစ်ကို တပ်ရမည်။
ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။
ဝမ်းထဲ၌ရှိသောအရာနှင့် ခြေတို့ကိုဆေးကြော၍၊ သိုးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ မွှေးကြိုင်ရာဖို့ မီးရှို့သောယဇ်ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သကာဖြစ်သတည်း။
မောရှေအားဖြင့် ထာဝရဘုရားမှာထားတော်မူသမျှအတိုင်း၊ အာရုန်နှင့် သူ၏သားတို့သည် ပြုကြ၏။
ငါကလည်း၊ စင်ကြယ်သောပေါင်းကို သူ၏ခေါင်းပေါ်မှာ တင်ကြစေဟု ဆိုသည်အတိုင်း၊ စင်ကြယ်သောပေါင်းကို သူ၏ခေါင်းပေါ်မှာ တင်၍ အဝတ်ကို ဝတ်စေကြ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်သည်လည်း အနားမှာ ရပ်နေ၏။